Lifestyle: အိမ်သန့်ရှင်းရေးလုပ်ရင်း သင်ယူနိုင်တဲ့ ဘဝသင်ခန်းစာ (၄) ခု

အိမ်သန့်ရှင်းရေးလုပ်ဖို့ဆိုတာ လူတွေမလုပ်ချင်ဆုံးအရာတွေထဲက တစ်ခုပါပဲ။

play

 

အများအားဖြင့် လူတွေက အိမ်သန့်ရှင်းရေးလုပ်ဖို့အတွက်ကို တတ်နိုင်သလောက် နေ့ရွှေ့ညရွှေ့ ရွှေနေတတ်ကြတယ်။ သန့်ရှင်းတဲ့ အိမ်ဟာ ကျန်းမာရေးအတွက် ကောင်းကျိုးတွေရစေတဲ့အပြင် ယူတတ်မယ်ဆိုရင် ဘဝနဲ့ ပတ်သက်တဲ့ သင်ခန်းစာတွေကိုတောင် ရပါတယ်။

၁။ လက်လွှတ်တတ်တဲ့ သင်ခန်းစာရတယ်

လုံးဝမဝတ်ဖြစ်ဘဲ ဘီရိုထဲမှာ နှစ်နဲ့ချီကြာတဲ့ အဝတ်အစားတွေကို ဖယ်ထုတ်ရင်း ဘဝနဲ့ ဆက်စပ်ကြည့်လိုက်ပါ။ ဒါဟာ သင့်ဘဝမှာ ဒုက္ခပေးနေတဲ့၊ အကျိုးမရှိတဲ့ ဆက်ဆံရေးတွေကို ဖယ်ထုတ်လိုက်သလိုပါပဲ။ကောလိပ်မှာ ဝတ်ခဲ့တဲ့ ဘောင်းဘီဟောင်းတွေ၊ စကတ်ဟောင်းတွေကို သူများကို ပေးပစ်သလိုမျိုးပဲ ကိုယ့်ဘဝအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေတဲ့ လူတချို့ကိုလည်း အဆက်အသွယ်ဖြတ်ဖို့ လိုပါတယ်။

play

 

၂။ တကယ်အရေးပါတဲ့အရာတွေကိုတော့ ဆုပ်ကိုင်ထားရမယ်

စွန့်ပစ်နိုင်ဖို့၊ လက်လွှတ်ဖို့က အရေးကြီးသလိုပဲ ကိုယ့်ဘဝကို လှပစေတဲ့ ပျော်ရွှင်စေတဲ့ အရာတွေကိုလည်း ဆုပ်ကိုင်ထားဖို့က အရေးကြီးပါတယ်။ သင်ရဲ့ စနီကာဖိနပ်အဟောင်းလေးကို စီးရတာ သက်သောင့်သက်သာရှိသေးတယ်ဆိုရင် သေချာ သန့်ရှင်းရေးလုပ်ပြီး သိမ်းစည်းထားဖို့ လိုသလိုပဲပေါ့။

play

 

၃။ လူတိုင်းမှာ သတိမထားမိတဲ့ အမှိုက်တွေရှိတယ်

အိမ်သန့်ရှင်းရေး လုပ်တဲ့အခါ နှစ်ပေါင်းများစွာ မရှင်းဖြစ်တဲ့နေရာတွေရှိပါတယ်။ ဆိုဖာအောက်တွေ၊ မီးဖိုနောက်တွေလိုမျိုး လူမမြင်နိုင်တဲ့ နေရာတွေကို သေချာကြည့်လိုက်တဲ့အခါ ညစ်ပတ်ပေတေနေတာကို မြင်တွေ့နိုင်ပါတယ်။ အဲဒီလိုပဲ ဘဝမှာလည်း ကိုယ်သတိမထားမိဘဲ သင့်ဘဝကို ဆိုးရွားစေတဲ့ နောက်ကွယ်အကြောင်းအရာတွေ ရှိနေနိုင်တယ်။ သင့်အိမ်က သင်မမြင်ခဲ့တဲ အမှိုက်သရိုက်တွေက သင့်ကျန်းမာရေးကို ထိခိုက်စေသလို သင်သတိမထားမိခဲ့တဲ့ (မသိချင်ယောင်ဆောင်နေတဲ့) အကြောင်းအရာတွေက သင့်ကို မပျော်ရွှင်စေတာ ဖြစ်နိုင်တယ်။ ရအောင်ရှာဖွေပြီး ရှင်းလင်းပါ။ အဲဒီလို ရှင်းလင်းချိန်မှာ ဖယ်ရှားလိုက်ရတဲ့အရာဟာ သင့်ဘဝကို အဆိပ်အတောက်ဖြစ်စေပေမဲ့ သင်သံယောဇဉ်ရှိသူတွေ ဖြစ်နေနိုင်တယ်။ ဘာပဲဖြစ်ဖြစ် ရှင်းလင်းသွားဖို့လိုပါတယ်။ မှားသလားမှန်သလားတွေးမနေပါနဲ့၊ ရှင်းလင်းတိုက်ချွတ်လိုက်ပါ။

play

 

၎။ ဘယ်တော့မှ အရှုံးမပေးနဲ့

အိမ်သန့်ရှင်းရေးလုပ်တယ်ဆိုတာ ပင်ပန်းပြီး စိတ်ညစ်ရတဲ့အလုပ်ပါ။ ဒါပေမဲ့ ပြီးစီးအောင်လုပ်မှ သန့်ရှင်းတောက်ပြောင်တဲ့ နေချင်စဖွယ်အိမ်လေး ဖြစ်လာမှာ မဟုတ်လား။ အဲဒီလိုပဲ ဘဝကို ကိုယ်လိုချင်တဲ့ပုံစံ ပုံဖော်ယူတဲ့အခါ ဘယ်လောက်ပဲ စိတ်ညစ်ရပါစေ၊ လုံးဝ လက်မလျှော့ပါနဲ့။ ဘယ်လို အခက်အခဲတွေပဲရှိရှိ ရှေ့ဆက်သွားမှသာ သင်လိုချင်တဲ့ ပန်းတိုင်ကို ရောက်ရှိမှာပါ။

Source & Photos : Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ