Lifestyle: ဖက်တီးဘဝကနေ ယောက်ျားပီသတဲ့ ခန္ဓာကိုယ်ရအောင် ၁၀ လအတွင်း ပြောင်းလဲခဲ့သူ

လေယာဉ်လက်မှတ် နှစ်ယောက်စာဝယ်ဖို့ ပြောခံရတဲ့အတွက် အခုလို ဝိတ်ချလိုက်တာပါ။

play

 

ဖလော်ရီဒါမှာ နေထိုင်တဲ့ အသက် ၃၉ နှစ်အရွယ် ရို့စ်ဂါနာဟာ ၃၉၂ ပေါင်ရှိရာကနေ ၂၁၃ ပေါင်အထိ ချပစ်လိုက်တာ ဖြစ်ပါတယ်။

သူဟာ အရင်က တစ်ရက်ကို ကယ်လိုရီ ၁၅,၀၀၀ စားသုံးသူဖြစ်ပြီး အဲဒီပမာဏဟာ လူတစ်ယောက် ပျမ်းမျှနေ့စဉ်စားသုံးသင့်တဲ့ ပမာဏထက် ၆ ဆပိုမိုနေပါတယ်။

play

 

အဝတ်အစားကို XXXXL ဆိုဒ်ကို ဝတ်ရတဲ့ ရို့စ်ဟာ ဘဟားမားစ်ကို အပန်းဖြေခရီးထွက်စဉ် လေယာဉ်လက်မှတ် နှစ်ယောက်စာ ဖြတ်ဖို့ ပြောခံလိုက်ရတဲ့အတွက် ဒေါသထွက်ခဲ့ရပါတယ်။

ရို့စ်ရဲ့ အဝလွန်ခြင်းဟာ အသက်ကိုပါထိခိုက်လာနိုင်ပြီး ဒီအတိုင်းဆက်သွားရင် နောက် ၃ နှစ်ပဲ ခံမယ်လို့ ဆရာဝန်ကလည်း ပြောလိုက်တဲ့အတွက် သူနေ့စဉ်စားသုံးနေတဲ့ ပီဇာ၊ ဘာဂါနဲ့ ဝီစကီကို စွန့်လွှတ်လိုက်သူ ဖြစ်ပါတယ်။

play

 

ပိုနေတဲ့ အသား ၆ ပေါင်ကို ဖယ်ထုတ်ဖို့ ခွဲစိတ်ခဲ့ပြီးတဲ့နောက် ၁၀လအတွင်း သူ့ရဲ့ခန္ဓာကိုယ် တစ်ဝက်တိတိကျသွားအောင်လည်း စွမ်းဆောင်နိုင်ခဲ့သူ ဖြစ်ပါတယ်။

Source & Photos : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ