Lifestyle: ဗြိတိန်တော်ဝင်မင်းသမီးတစ်ပါးရဲ့ နေ့စဉ်ဘဝ

အဲလိဇဘက်ဘုရင်မကြီးရဲ့ မြေးတော် ယူဂျင်းနီပြောပြခဲ့တဲ့ သူမရဲ့သာမန်နေ့တစ်နေ့ဖြစ်ပါတယ်။

play

 

အသက် ၂၆ နှစ်အရွယ် မင်းသမီး ယူဂျင်းနီဟာ Harpers Bazarr မဂ္ဂဇင်းရဲ့ စက်တင်ဘာလထုတ်အတွက် ဒေါ်လာ ၉,၈၅၀ တန် ဂါဝန်နဲ့ တန်ဖိုးကြီး ရတနာတွေကို ဝတ်ဆင်ပြီး ဓာတ်ပုံအရိုက်ခံခဲ့ရင်း သူမအကြောင်းကို ပြောပြခဲ့တာပါ။

အဲလိဇဘက်ဘုရင်မကြီးရဲ့သားတော် မင်းသား အန်ဒရူးနဲ့ ဆာရာတို့ရဲ့သမီးတော်ဖြစ်တဲ့ ယူဂျင်းနီဟာ သူမရဲ့ နေ့စဉ်ဖြတ်သန်းရတဲ့ ဘဝကို ပွင့်ပွင့်လင်းလင်းပဲ ပြောပြခဲ့ပါတယ်။

play
မင်းသမီး ဘိထရစ်နဲ့ ယူဂျင်းနီ

 

မင်းသမီး ဘိထရစ်ရဲ့ ညီမတော် ယူဂျင်းနီဟာ နေ့စဉ် မနက် ၆ နာရီ ၄၅ မှာ ထကာ လေ့ကျင့်ခန်းလုပ်ပြီး ရုံးသွားပါတယ်။

မနက်စောစော နှိုးစက်မြည်တာနဲ့ ချက်ချင်းလုပ်ဖြစ်တဲ့ အလုပ်ကတော့ ကိုယ်ရေးကိုယ်တာအီးမေးလ်တွေကို ဖတ်တာပဲလို့ ဆိုပါတယ်။ အီးမေးလ်တွေကို အကုန်ဖတ်ပြီးနောက်မှာ မနက် ၇ နာရီကနေ ၈ နာရီအထိ လေ့ကျင့်ခန်းလုပ်ဖို့ အပြင်ထွက်လေ့ရှိပါတယ်။

တချို့နေ့တွေမှာ သူမဟာ ပန်းခြံကိုသွားပြီး တချို့နေ့တွေမှာတော့ အမျိုးသမီးသီးသန့် အားကစားခန်းမကို သွားကစားလေ့ရှိပါတယ်။ သူမကစားတဲ့ Grace Belgravia အားကစားခန်းမဟာ စူပါမော်ဒယ် ကာရာဒယ်လဗင်းလည်း မကြာခဏ လာကစားလေ့ရှိတဲ့နေရာဖြစ်ပြီး တစ်နှစ်ကို အသင်းဝင်ကြေး ပေါင် ၅,၅၀၀ (ဒေါ်လာ ၇,၁၅၄) ပေးရပါတယ်။

play

 

အိမ်အပြန်လမ်းမှာတော့ သူမဟာ အနီးအနားက Waitrose စူပါမားကက်ကို ဝင်လို့ လိုအပ်တဲ့ ပစ္စည်းတွေကို ဝယ်ယူကာ အိမ်ပြန်လာပြီး ရေချိုး အဝတ်အစားလဲပြီး ရုံးသွားပါတယ်။

အဲဒီလို လုပ်စရာတွေ ပြည့်နေတဲ့ မင်းသမီးဟာ အလှပြင်တဲ့အလုပ်ကိုတော့ ကားပေါ်မှာ ပြုလုပ်လေ့ရှိပြီး မနက် ၉ နာရီစတင်တဲ့ Hauser & Wirth London's Saville Row အနုပညာပြခန်းကို သွားရပါတယ်။

ပွဲတွေစီမံခြင်း၊ ပန်းချီဆရာတွေအတွက် လိုအပ်တာ ပံ့ပိုးခြင်းအပါအဝင် အထူးပရောဂျက်တွေကို စီစဉ်ရတဲ့သူမဟာ ရုံးအပြန်မှာလည်း မနားရပါဘူး။

play

 

ညနေပိုင်းအားလပ်ချိန်မှာ မိသားစုကိစ္စ ဒါမှမဟုတ် ပရဟိတအလုပ်တွေလုပ်တတ်ပါသေးတယ်။

"အဘိုးနဲ့ အဘွားကို တတ်နိုင်သလောက် ကူညီအားပေးဖို့လည်း ကြိုးစားရပါတယ်။ မိသားစုဆိုတာ အဲဒီအတွက်ပဲလေ" လို့ သူမက ဆိုခဲ့ပါတယ်။

ညစာကို နာမည်ကြီးစားသောက်ဆိုင်တွေမှာ စားရတာ ကြိုက်တဲ့သူမဟာ တစ်ခါတလေတော့လည်း အိမ်မှာပဲ ကိုယ်တိုင်ချက်စားပြီး တီဗွီကြည့်နေတတ်ပါတယ်။

ရုပ်သံဇာတ်လမ်းတွဲတွေ ကြည့်ပြီး အိပ်ရာဝင်တတ်တဲ့ မင်းသမီးလေးဟာ ဘယ်လောက်ပဲ အိပ်ရာစောဝင်ပါစေ ၁၂ နာရီ မထိုးမချင်း အိပ်မပျော်ဘူးလို့ ဆိုပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ