Lifestyle: သားရဲ့ပန်းချီပုံကြောင့် ရှက်ပြီး ဝိတ်ချလိုက်တဲ့ မိခင်

ကလေးတွေရဲ့ရိုးသားမှုက ချစ်စရာကောင်းပေမဲ့ တစ်ခါတလေ ရက်စက်ရာကျပါတယ်။

play

 

အမှန်ကိုသာ ပြောတတ်တဲ့ အသက် ၄ နှစ်အရွယ် ကလေးတစ်ယောက်ရဲ့ အမူအကျင့်ဟာ ရစက်စက်ရာကျပေမဲ့လည်း မိခင်ဖြစ်သူကိုတော့ ပေါင် ၁၄၀ ကျအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

အသက် ၃၇ နှစ်အရွယ် မာရီရမ်ဟာ သားဖြစ်သူက ကျောင်းမှာ သူမပုံကို ရေးဆွဲရာမှာ အဝိုင်းပုံကြီးတစ်ခု ရေးဆွဲလိုက်တဲ့အတွက် ဝိတ်ချတဲ့အစီအစဉ်တစ်ခုမှာ စာရင်းပေးလိုက်ပါတယ်။

play

 

"ကျွန်မကလေးတွေက ကျွန်မကို ဖက်လိုက်တိုင်း သူတို့လက်နှစ်ဖက်နဲ့ မဆန့်တဲ့အတွက် ကျွန်မကို ဝတုတ်လို့ ခေါ်ကြတယ်" သူက ပြောပါတယ်။

"အဲဒီလို အခေါ်ခံရတာ ဝမ်းနည်းစရာကောင်းပေမဲ့ ပန်းချီပုံကျမှ ဘယ်လိုမှ မခံစားနိုင်ဖြစ်သွားတယ်" လို့ သူမက ဆိုပါတယ်။

play

 

၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလကစလို့ ဝိတ်ချခဲ့တဲ့သူမဟာ တစ်နှစ်မပြည့်မီမှာပဲ ပေါင် ၇၀ ကျခဲ့ပြီး ၂၀၁၆ ဖေဖော်ဝါရီလမှာတော့ အရင်ခန္ဓာကိုယ်ရဲ့တစ်ဝက်ပဲ ရှိပါတော့တယ်။

play

 

"ဒါဟာ ကျွန်မကလေးတွေရဲ့ ရက်စက်လွန်းလှတဲ့ ရိုးသားမှုကြောင့်ပါပဲ" လို့ သူမက ကျေးဇူးတင်စွာ ပြောခဲ့ပါတယ်။

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ