Lifestyle: အိုဗာတင်းရဲ့ သိန်း(၁၀၀) ဆုကို ကံထူးသူ ၄ ဦးအထိရှိလာ

အိုဗာတင်းကနေပြီး ကျပ်သိန်း (၁၀၀) ကံစမ်းမဲအစီအစဉ်အနေနဲ့ အိုဗာတင်းတစ်ခါသောက် ၂၀ ဂရမ်အထုပ်ငယ်တွေထဲမှာ ကျပ်သိန်း (၁၀၀) ဆု ဆယ်စုအထိ ထည့်သွင်းပေးထားရာမှာ အခုဆိုရင် စတုတ္ထမြောက် သိန်း(၁၀၀) ကံထူးရှင်ထပ်မံ ပေါ်ထွက်လို့လာပါပြီ။

 

play

 

အိုဗာတင်းကနေပြီး ကျပ်သိန်း (၁၀၀) ကံစမ်းမဲအစီအစဉ်အနေနဲ့ အိုဗာတင်းတစ်ခါသောက် ၂၀ ဂရမ်အထုပ်ငယ်တွေထဲမှာ ကျပ်သိန်း (၁၀၀) ဆု ဆယ်ဆုအထိ ထည့်သွင်းပေးထားရာမှာ အခုဆိုရင် စတုတ္ထမြောက် သိန်း(၁၀၀) ကံထူးရှင်ထပ်မံ ပေါ်ထွက်လို့လာပါပြီ။

အိုဗာတင်းရဲ့ ၄ ယောက်မြောက် သိန်း(၁၀၀) ကတော့ မန္တလေးမြို့၊ အောင်မြေသာဇံမြို့နယ်က မသန္တာအေးဆိုသူ ဖြစ်ပါတယ်။ မသန္တာအေးဟာ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်က နုနုအောင်စတိုးဆိုင်ကနေ ၀ယ်ယူခဲ့တဲ့ အိုဗာတင်း ၂၀ ဂရမ်အထုပ်ကို အလုပ်ထဲမှာဖျော်သောက်ရင်း အဲဒီလို သိန်း ၁၀၀ ဆု ဆွတ်ခူးသွားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

မသန္တာအေးဟာ အိုဗာတင်းကို ယခင်ကတည်းက စွဲစွဲမြဲမြဲသောက်လာခဲ့သူတစ်ယောက်ဖြစ်ပြီး အခု အိုဗာတင်းရဲ့ သိန်း ၁၀၀ ကံစမ်းမဲအစီအစဉ်မှာ ကံထူးခွင့်ရရှိသွားခဲ့တာပဲ ဖြစ်ပါတယ်။

အိုဗာတင်း ၂၀ ဂရမ်အထုပ်ငယ်တွေထဲမှာ သိန်း ၁၀၀ ဆုတွေ ထည့်သွင်းပေးထားတဲ့အကြောင်းကိုသိပေမဲ့ သိန်း ၁၀၀ ကံထူးမယ့် အိုဗာတင်းအထုပ်ကိုဖောက်တဲ့အချိန်မှာတော့ ထူးထူးခြားခြား စိတ်လှုပ်ရှားနေမိတာမျိုးမရှိဘဲ အထုပ်ထဲကို ကြည့်လိုက်လို့ ဂုဏ်ယူပါတယ်ဆိုတဲ့ စာသားကိုတွေ့တော့မှသာ သတိရပြီးစိတ်လှုပ်ရှားသွားမိတယ်လို့ မသန္တာအေးက MRTV 4 ရဲ့ မင်္ဂလာပါ အစီအစဉ်မှာ ပြောကြားသွားခဲ့ပါတယ်။

မသန္တာအေးဟာ အိုဗာတင်းရဲ့ ၂၀ ဂရမ်အထုပ်ငယ်လေးတွေထဲက သိန်း ၁၀၀ ဆုကိုကံထူးတဲ့ စတုတ္ထမြောက်ကံထူးရှင် ဖြစ်ပြီး သူမရဲ့ရှေ့က ကံထူးရှင်တွေကတော့ ညောင်ဦးမြို့က မဇင်မိုးသူ၊ တိုက်ကြီးမြို့က ကိုလင်းထင် နဲ့ မွန်ပြည်နယ်၊ မုဒုံမြို့က မမြတ်ဖူးဝေတို့ပဲ ဖြစ်ပါတယ်။

ယခုအချိန်မှာ အိုဗာတင်းရဲ့ သိန်း(၁၀၀)ဆု ၄ ဆုအထိထွက်ပေါ်သွားပြီဖြစ်ပေမဲ့ ကျပ် သိန်း(၁၀၀) ဆု ၆ ဆုကျန်ရှိနေပါ သေးတယ်။

အိုဗာတင်းရဲ့ကံစမ်းမဲကာလက ၂၀၁၆ ခုနှစ်၊ ဇွန်လ မှ သြဂုတ်လအထိ ဖြစ်ပြီး သိန်း ၁၀၀ ကံထူးရှင်များ အနေနဲ့ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ၊ ၃၀ ရက်နေ့နောက်ဆုံးထားပြီး ထုတ်ယူရမှာဖြစ်တယ်လို့ အိုဗာတင်းရဲ့ ကြေညာ ထားချက်အရ သိရပါတယ်။

အိုဗာတင်းရဲ့ စတုတ္ထမြောက်သိန်း (၁၀၀) ကံထူးရှင် နဲ့ MRTV 4 တို့တွေ့ဆုံမေးမြန်းထားတဲ့ ဗွီဒီယိုကိုအောက်ပါ link မှာကြည့်ရှု့နိုင်ပါတယ်။

 ဗွီဒီယိုကြည့်ရန်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ