Lifestyle: လိင်တူဆက်ဆံမှုကို ပိတ်ပင်ဆဲ နိုင်ငံတွေရဲ့အလံတွေနဲ့ ဝတ်စုံချုပ်ဝတ်လိုက်တဲ့ လိင်ပြောင်းမော်ဒယ်

နိုင်ငံ ၇၂ နိုင်ငံရဲ့အလံတွေ ပါဝင်ပါတယ်။

 

ဥရောပမှာ LGBT အခွင့်အရေးလှုပ်ရှားမှုရဲ့ တစ်စိတ်တစ်ဒေသအဖြစ် ဒီဇိုင်နာ မက်ဂျစ်ဘန်ဘာဂန်နဲ့ ပန်းချီဆရာ အိုရီဗန်ဝိုးဇစ်တို့က လိင်တူဆက်ဆံမှုကို ပိတ်ပင်ဆဲဖြစ်တဲ့ နိုင်ငံ ၇၂ နိုင်ငံရဲ့ အလံတွေနဲ့ ပြုလုပ်ထားတဲ့ သက်တန့်ရောင်ဝတ်စုံကို ဖန်တီးခဲ့ပါတယ်။

 

အင်စတာဂရမ်မှာ ယင်းဓာတ်ပုံကို Share လုပ်သူ ထောင်ပေါင်းများစွာရှိခဲ့ပါတယ်။

ဒါပေမဲ့ ဝတ်စုံက မပြီးသေးပါဘူး။ လိင်တူဆက်ဆံမှုကို ပိတ်ပင်ထားတဲ့ နိုင်ငံတစ်နိုင်ငံက ဥပဒေပြုပြင် ပြောင်းလဲမယ်ဆိုရင် အဲဒီနိုင်ငံရဲ့အလံကို သက်တန့်ရောင်အလံအဖြစ် ပြောင်းလဲမှာဖြစ်တယ်လို့ ဒီဇိုင်နာက ပြောကြားခဲ့ပါတယ်။

 

သူတို့ရဲ့ရည်ရွယ်ချက်ကတော့ ဝတ်စုံတစ်စုံလုံး သက်တန့်ရောက်ဖြစ်သွားဖို့ပါပဲ။

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ