Lifestyle: ဆားကို ဟင်းချက်ရုံတင်မဟုတ်ဘဲ ဒီနေရာတွေမှာလည်း သုံးလို့ရ

ဆားဟာ ဟင်းချက်တဲ့နေရာမှာသာ မဟုတ်ဘဲ အခြားနေရာတွေမှာလည်း အသုံးဝင်ပါတယ်

 

စားသောက်ဖွယ်ရာတွေ ပြုလုပ်ရာမှာ အရသာရှိအောင် မပါအဖြစ် ထည့်သွင်းရတဲ့ ပစ္စည်းက ဆား ဖြစ်ပါတယ်။ ဒါပေမဲ့ ဆားကို ဟင်းချက်ရာမှာတင်မဟုတ်ဘဲ အခြားနေရာတွေမှာလည်း အသုံးပြုနိုင်ပါသေးတယ်။

၁။ ဆိုဖာဆက်တီများ

 

အချိန်ကြာလာလို့ အဝါရောင်သန်းပြီး ညစ်ပတ်လာတဲ့ ဆိုဖာခုံက နောက်မှီနဲ့ အခင်းတွေကို ဆားဖျော်ရည်နဲ့ပွတ်လျှော်ပြီး နေရောင်မှာ လှန်းရင် အသစ်အတိုင်း ပြန်ဖြစ်ပါတယ်။

၂။ ဟင်းအိုးလျှံခြင်း

 

ဟင်းအိုးဆူပွက်တဲ့အချိန်အမြှုပ်တွေ ဝေလာတဲ့အခါ ဆားအနည်းငယ် ပက်လိုက်မယ်ဆိုရင် အမြုပ်တွေ ပြန်ကျသွားပါတယ်။

၃။ ကော်ဖီ

 

ကော်ဖီဖျော်ထားပြီးမှ မသောက်ဖြစ်ဘဲ အကြာကြီး ထားမိလိုက်တာမျိုး ဖြစ်တတ်ပါတယ်။ အဲဒီအခါ ဆားပြန်ခတ်၊ နွှေးပြီးသောက်ရင် အရသာရှိပါတယ်။

၎။ အပင်တွေရှင်းလို့ရ

 

အိမ်ခြံထဲက အုတ်ခဲကြားတွေ၊ သမံတလင်း အကွဲကြားတွေထဲမှာ အလေ့ကျပေါက်တဲ့ အပင်ငယ်တွေ မပေါက်စေချင်ရင် ဆားဖျော်ရည်နဲ့ ဖြန်းလိုက်ပါ။

၅။ ပန်းကန်ဆေးခြင်း

 

ကာလကြာရှည် မဆေးဘဲထားတဲ့ ကော်ဖီပန်းကန်တွေ၊ အိုးခွက်တွေကို ကြေးနီမှုန့်၊ ဆားနဲ့ ရောပြီး သွားပွတ်တံနဲ့ တိုက်ရင် အဆင်ပြေပါတယ်။

၆။ မီးပူ

 

ကြာလာတဲ့အခါ မီးပူအောက်မှာ ကပ်နေတဲ့ အညိုရောင်၊ အမဲရောင်ချေးညှော်တွေကို ပျောက်စေချင်ရင် သတင်းစာ စက္ကူမှာ ဆားတွေပုံပြီး တိုက်လိုက်ပါ။

၇။ ဖိနပ်တိုက်

 

ညစ်ပတ်နေတဲ့ ဖိနစ်တွေကို ဆားရေနဲ့ ပွတ်ပြီးတိုက်မယ်ဆိုရင် အရောင်ပြန်တောက်လာပြီး ဘက်တီးရီးယားပိုးတွေလည်း သေစေပါတယ်။

၈။ ပြတင်းပေါက်တိုက်လို့ရ

 

ဆားဖျော်ရည်နဲ့ ပြတင်းပေါက်တိုက်ရင် မှန်တွေ အသစ်အတိုင်း ကြည်လင်သွားစေပါတယ်။

Source : Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ