Lifestyle: ခွေးတွေက အတ္တကြီးကြောင်း လေ့လာမှုသစ်တစ်ခုက တွေ့ရှိ

ခွေးချစ်သူတွေအတွက်ကတော့ ဒေါသထွက်စရာပါပဲ။

play

 

ခွေးတွေဟာလည်း ရံဖန်ရံခါဆိုသလို အတ္တကြီးပြီး အကူအညီမရသူတွေဖြစ်တယ်လို့ လေ့လာမှုသစ်တစ်ခုက အတိအလင်းဆိုခဲ့ပါတယ်။

သုတေသီတွေဟာ ခွေး ၃၄ ကောင်ကို အခန်းတစ်ခန်းထဲမှာထည့်ပြီး ပစ္စည်းတွေနဲ့အတူ ထားကာ စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအခန်းရဲ့ ထောင့်တစ်ထောင့်မှာ အရုပ်တစ်ရုပ်နဲ့ အခန်းတစ်ခန်းလုံးရဲ့ အခြားနေရာတွေမှာ အခြားပစ္စည်းတွေကိုလည်း ထည့်ထားခဲ့ပါတယ်။

play

 

အဲဒီလို မထည့်ခင်မှာ ခွေးတွေကို ကောက်ယူစေချင်တဲ့ ပစ္စည်းတွေကို သုတေသီတွေက အရင်သုံးပြခဲ့ပါတယ်။ ကျန်တဲ့ ပစ္စည်းတွေကတော့ ခွေးတွေ တစ်ခါမှ မမြင်ဖူးတဲ့ အသစ်တွေဖြစ်ပါတယ်။

အဲဒီတော့ ခွေးတွေမှာ ရွေးချယ်နိုင်တဲ့ ပစ္စည်း သုံးမျိုးဖြစ်သွားပါတယ်။ သုတေသီတွေပြထားတဲ့ ပစ္စည်း၊ ခွေးတွေရဲ့ စိတ်ဆန္ဒကို ဖြည့်ဆည်းပေးမယ့် ပစ္စည်းနဲ့ ဘာမှန်းမသိတဲ့ ပစ္စည်းဖြစ်ပါတယ်။

play

 

တကယ်တော့ ခွေးတွေဟာ သစ္စာရှိသူ၊ အမိန့်နာခံတတ်သူဆိုရင် လူတွေလိုအပ်တဲ့ ပစ္စည်း (သုတေသီတွေ သုံးပြထားတဲ့ ပစ္စည်း) ကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ တကယ်တမ်းတော့ ခွေးတွေက အတ္တကြီးပါတယ်။ လူတွေလိုအပ်တဲ့အရာကို ယူဆောင်တာမျိုးမရှိဘဲ ကစားစရာပစ္စည်းတွေနဲ့သာ ဆော့နေတာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။

Source & Photos: Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ