Lifestyle: ဆိုရှယ်မီဒီယာပေါ်မှာ ကိုယ့်လုပ်ငန်းကို လူသိများထင်ရှားစေမယ့် နည်းလမ်း ၅ သွယ်

စွန့်ဦးတီထွင်လုပ်ငန်းတစ်ခုစတင်တည်ထောင်စ အဆင့်တွေမှာ တည်ထောင်သူတွေအနေနဲ့ ကိုယ့်လုပ်ငန်းအတွက် အချိန်ပြည့်၊ ဒါမှမဟုတ် အချိန်ပိုင်း ကျွမ်းကျင်ဆိုရှယ်မီဒီယာမန်နေဂျာတစ်ယောက်ခန့်အပ်ထားနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ တစ်ဖက်မှာလည်း ဆိုရှယ်မီဒီယာဆိုတာ ငွေကြေးကုန်ကျမှုသက်သက်သာသာနဲ့ ကိုယ့်လုပ်ငန်းကို လူတွေသိရှိစေနိုင်မယ့် နည်းလမ်းတစ်ခုဖြစ်တာကြောင့် လက်လွှတ်ထားလို့မရနိုင်တာအမှန်ပါပဲ။

play

 

ဒီနေ့ကမ္ဘာမှာ လူမှုပတ်ဝန်းကျင်နဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အရေးတကြီး လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်ဖို့ အတွက် စိတ်အားထက်သန်ပြီး သူတို့ရဲ့ အရည်အသွေးတွေနဲ့ စွမ်းအင်တွေကို ပိုမိုကောင်းမွန်တဲ့ ကမ္ဘာတစ်ခုတည်ဆောက် ရာမှာအသုံးချနေတဲ့ မျိုးဆက်သစ်တစ်ရပ် ရှိနေပါတယ်။ ကျွန်တော်တို့ရဲ့ Chivas Regal ဟာ အဲဒီမျိုးဆက်သစ်တွေကို အဓိပ္ပာယ်ပြည့်ဝတဲ့နည်းလမ်းတွေနဲ့ ထိတွေ့ဆက်ဆံပြီး သူတို့တွေထဲကနေ အောင်မြင်တဲ့ လူမှုကူညီရေး စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေ ပေါ်ထွက်လာစေဖို့အတွက် အားပေးကူညီသွားဖို့ ဆုံးဖြတ်ထားပါတယ်။

စွန့်ဦးတီထွင်လုပ်ငန်းတစ်ခုစတင်တည်ထောင်စ အဆင့်တွေမှာ တည်ထောင်သူတွေအနေနဲ့ ကိုယ့်လုပ်ငန်းအတွက် အချိန်ပြည့်၊ ဒါမှမဟုတ် အချိန်ပိုင်း ကျွမ်းကျင်ဆိုရှယ်မီဒီယာမန်နေဂျာတစ်ယောက်ခန့်အပ်ထားနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ တစ်ဖက်မှာလည်း ဆိုရှယ်မီဒီယာဆိုတာ ငွေကြေးကုန်ကျမှုသက်သက်သာသာနဲ့ ကိုယ့်လုပ်ငန်းကို လူတွေသိရှိစေနိုင်မယ့် နည်းလမ်းတစ်ခုဖြစ်တာကြောင့် လက်လွှတ်ထားလို့မရနိုင်တာအမှန်ပါပဲ။ ဒါကြောင့် အသစ်စတင်ခါစလုပ်ငန်းတစ်ခုအနေနဲ့ အချိန်နဲ့ ငွေကြေးအများအပြားမြုပ်နှံစရာမလိုပဲ ကိုယ့်လုပ်ငန်းကို ဆိုရှယ်မီဒီယာပေါ်မှာ လူသိများထင်ရှားနေစေနိုင်မယ့် နည်းလမ်း (၅) သွယ်ကို ဖော်ပြပေးလိုက်ပါတယ်။

 

၁။ ကိုယ့်ရဲ့ဆိုရှယ်မီဒီယာအကောင့်အားလုံးကို တစ်နေရာတည်းကနေကိုင်တွယ်နိုင်မယ့် ပလက်ဖောင်းတစ်ခုရှာပါ။

Facebook ၊ Twitter ၊ Instagram စတဲ့ ဆိုရှယ်မီဒီယာတွေအားလုံးပေါ်မှာ ကိုယ့်လုပ်ငန်းရှိနေအောင်လုပ်ထားဖို့ လိုအပ် ပေမယ့် အဲဒီအကောင့်တွေအားလုံးကို တစ်ခုစီလိုက်ပြီး ကိုင်တွယ်နေရမယ်ဆိုရင် အချိန်အများကြီးပေးနေရမှာပါ။ ဒါကြောင့် ဆိုရှယ်မီဒီယာအကောင့်တွေအားလုံးကို တစ်နေရာတည်းကနေထိန်းချုပ်နိုင်ဖို့ ၀န်ဆောင်မှုပေးတဲ့ ၀က်ဘ်ဆိုဒ်၊ အက်ပလီကေးရှင်း စတဲ့ ပလက်ဖောင်းတစ်ခုကိုရှာထားမယ်ဆိုရင် အဆင်ပြေသွားနိုင်ပါတယ်။ ဥပမာ Hootsuit လို ၀က်ဘ်ဆိုဒ်မျိုးမှာဆိုရင် အဲဒီလိုဝန်ဆောင်မှုမျိုးကို အခမဲ့ရော၊ အခကြေးငွေနဲ့ပါ ရရှိနိုင်ပါတယ်။

play

 

၂။ ကိုယ့်လုပ်ငန်းအတွက် အသင့်လျော်ဆုံး နဲ့ အကျိုးအရှိဆုံး ဆိုရှယ်မီဒီယာတွေကိုပဲ ရွေးချယ်ပါ။

ကိုယ့်လုပ်ငန်းကို ရှိသမျှဆိုရှယ်မီဒီယာအားလုံးအပေါ်မှာ ရှိနေဖို့အတွက် မကြိုးစားပါနဲ့။ ကိုယ့်ရဲ့ဒေသ၊ ကိုယ်ပစ်မှတ်ထားတဲ့ ဈေးကွက် စတာတွေနဲ့ကိုက်ညီတဲ့ ဆိုရှယ်မီဒီယာတွေပေါ်မှာပဲ အထိရောက်ဆုံးလုပ်ဆောင်နိုင်ဖို့ ကြိုးစားပါ။

၃။ ဆိုရှယ်မီဒီယာပေါ်မှာ ပို့စ်တွေ ပုံမှန်တင်နေနိုင်အောင် ကြိုးစားပါ။

တနင်္လာနေ့မှာ ပို့စ်တွေ ၁၀ ခုလောက်တင်ပြီး နောက် ၅ ရက်လောက်ဘာမှမတင်နိုင်တော့တာမျိုးမဖြစ်ဖို့ သတိပြုရပါမယ်။ အဲဒီအစား အချိန်မှန်၊ ပုံမှန် ပို့စ်တွေတက်နေနိုင်ဖို့ အချိန်ဇယားတစ်ခုဆွဲထားပြီး မှန်မှန်လုပ်ဆောင်သွားသင့်ပါတယ်။ ဒါမှသာ လူတွေနဲ့ ကိုယ့်လုပ်ငန်းကြားမှာအဆက်ပြတ်သွားတာမျိုး မဖြစ်မှာပါ။

၎။ လူအများကြိုက်နှစ်သက်နိုင်မယ့် ပို့စ်တွေလည်းတင်ပါ။

တစ်ချိန်လုံးကိုယ့်လုပ်ငန်းအကြောင်း ကြော်ငြာတဲ့ပို့စ်တွေပဲတင်နေမယ်ဆိုရင် ကိုယ်နဲ့ထိတွေ့မှုရှိနေပြီးသားလူတွေက ငြီးငွေ့သွားတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သတင်းမီဒီယာမှာဖော်ပြနေတာတွေထဲက လူစိတ်ဝင်စားနိုင်တဲ့ပို့စ်မျိုးတွေ၊ ကိုယ့်လုပ်ငန်းနဲ့ဆက်စပ်နေတဲ့ အကြောင်းအရာဗဟုသုတမျိုးတွေကို တဆင့်ပြန်လည်မျှဝေတဲ့ပို့စ်မျိုးတွေ တင်ပေးဖို့ လိုပါတယ်။

play

 

၅။ ကိုယ့်ဖောက်သည်တွေ၊ ဖောက်သည်ဖြစ်လာနိုင်ချေရှိသူတွေနဲ့ တိုက်ရိုက်စကားပြောပါ။

ကိုယ့်ရဲ့လုပ်ငန်းနဲ့ပတ်သက်ပြီး ဆိုရှယ်မီဒီယာပေါ်မှာ ကိုယ်နဲ့ထိတွေ့မှုရှိနေတဲ့ ဖောက်သည်တွေ၊ ဖောက်သည်ဖြစ်လာ နိုင်ချေရှိသူတွေရဲ့ အမြင်ကိုမေးတာ၊ အကြံတောင်းခံတာမျိုးတွေလုပ်တာဟာ တကယ်ပဲအကျိုးရှိပါတယ်။ ဒါကြောင့် သူတို့ကို တိုက်ရိုက်စကားပြောတဲ့ ပို့စ်မျိုးတွေတင်ပြီး ရင်းနှီးမှုကိုတည်ဆောက်ရယူပါ။

စီးပွားရေးလုပ်ငန်းနဲ့ တီထွင်ဖန်တီးမှုတွေက ကောင်းမွန်မှုအတွက်အင်အားတစ်ရပ်ဖြစ်လာ နိုင်တယ်လို့ Chivas Regal က စိတ်ထဲနှလုံးထဲကယုံကြည်ထားပါတယ်။ www.theventure.com ကိုဝင်ရောက်ပြီးတော့ ဆက်လက်လေ့လာဖတ်ရှု့နိုင် ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ

ယခုကြော်ငြာနှင့် ပတ်သက်၍

Social Stream


ကြည့်ရှုသူ အများဆုံး