AD
AD
AD
play

 

သိပ္ပံပညာရှင်တွေဟာ သက်တမ်း နှစ် ၄၀၀ ခန့် ရှိနေတဲ့ ငါးမန်းတစ်မျိုးကို တွေ့ရှိခဲ့ကြရတယ်လို့ သိရပါတယ်။ အရှည် ၅ မီတာရှိတဲ့ Greenland ငါးမန်းအမတစ်ကောင်ကို လေ့လာရာမှ ယင်းငါးမန်းတွေဟာ သက်တမ်းအရှည်ဆုံးနေနိုင်တဲ့ ကျောရိုးရှိသတ္တဝါတွေဖြစ်ကြောင်းကိုပါ လေ့လာတွေ့ရှိခဲ့ပါတယ်။

play

 

Greenland ငါးမန်းတွေဟာ ကြီးထွားမှုနှုန်း အလွန်နှေးကွေးပါတယ်။ တစ်နှစ်ကို ၁ စင်တီမီတာခန့်သာ ထွားလာပြီး အသက် နှစ် ၁၅၀ မှာ မျိုးပွားနိုင်တဲ့ သတ္တဝါတွေပါ။ အများဆုံး ၅ မီတာအထိ အလျားရှည်နိုင်ပြီး မြောက်အတ္တလန္တတိတ်ရဲ့အေးစက်နက်ရှိုင်းတဲ့ရေပြင်ထဲမှာသာ ရှင်သန်နေထိုင်ကြပါတယ်။

play

 

အခြားငါးမန်းတွေရဲ့ ကိုယ်ခန္ဓာကမာကျောပေမယ့် Greenland ငါးမန်းတွေရဲ့ ခန္ဓာကိုယ်က နူးညံ့ပျော့ပျောင်းတာမို့ သူတို့ရဲ့သက်တမ်းကိုခန့်မှန်းဖို့ ခက်ခဲပါတယ်။ ရေဒီယိုကာဘွန် နည်းပညာနဲ့ ယခုငါးမန်းရဲ့သက်တမ်းကို တွက်ချက်ရာမှာ နှစ် ၂၇၂ နှစ် လို့လည်းခန့်မှန်းရသလို နှစ် ၄၀၀ သက်တမ်းရှိပြီလို့လည်း ယူဆရပါတယ်။ ခန္ဓာကိုယ်ပေါ်ရှိ အစိတ်အပိုင်းတွေက တစ်နေရာနဲ့တစ်နေရာ အိုမင်းပုံချင်း မတူလို့ပါ။ ၁၇ ရာစုခန့်မှာ မွေးဖွားခဲ့တာကတော့ သေချာသလောက်ရှိကြောင်း လေ့လာမှုမှာပါဝင်တဲ့ ကျွမ်းကျင်သူပညာရှင်တွေက ဆိုပါတယ်။

Source : BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle

AD