Lifestyle: စိတ်တွေဆတ်ပြီး ဒေါသထွက်လွယ်နေရင် ဒီနည်းလေးတွေ သုံးကြည့်ပါ

, updated

မပြောမီ သုံးခါ စဉ်းစားပါ။

play

 

၁ - ဒေါသထွက်လာပြီဆိုရင် နှလုံးခုန်တွေမြန်လာတာမျိုး ၊အသက်ရှုမြန်လာတာမျိုး စတဲ့ ခန္ဓာကိုယ်မှာ ဖြစ်ပေါ်လာတဲ့ လက္ခဏာတွေကို သတိပြုလိုက်ပါ။

၂ - ဒေါသထွက်လာနေတဲ့ အတွေးကို ဖျောက်ဖို့ အဆိုပါနေရာကနေ ထွက်သွားပြီး ၁ ကနေ ၁၀ ထိ ဖြည်းဖြည်းချင်း ရေကြည့်ပါ။

play

 

၃ - ကွဲလွဲစရာရှိတာကို ထိပ်တိုက်ရင်ဆိုင်တဲ့နည်းနဲ့ မပြဘဲ အပြုသဘောဆောင်တဲ့ ပုံစံမျိုးနဲ့ ပြပါ။ စကားပရိယာယ်ကြွယ်ဖို့ လိုပါတယ်။

၎ - ဖြည်းဖြည်းချင်း အသက်ရှုတဲ့လေ့ကျင့်ခန်းလုပ်ပါ။ ၁ ကနေ ၃ ထိရေကာ အသက်ရှုထုတ်ပါ။ ၁ ကနေ ၃ ထိရေပြီး အသက်ပြန်ရှုသွင်းပါ။

play

 

၅ - ညတိုင်း အိပ်ရေးဝအောင် အိပ်ပါ။ အိပ်ရေးတွေ မဝရင် စိတ်မကြည်ပါဘူး။ အမြဲတမ်း ထိုင်းမှိုင်းနေတတ်ပါတယ်။

၆ - တစ်စုံတစ်ယောက် စိတ်အနှောင့်အယှက်ဖြစ်နိုင်မယ့်အရာကို ပြောတော့မယ်ဆိုရင် အရင်ဆုံး ရေသွားသောက်တာလိုမျိုး၊ သီချင်းနားထောင်လိုက်တာမျိုး လုပ်ပါ။ မပြောမီ သုံးခါ စဉ်းစားပါ။

Photos & Source: Zee News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ