အပင်ချစ်သူတွေအတွက် မသုံးတော့တဲ့ ဂျင်းဘောင်ဘီအဟောင်းတွေ၊ မတော်တော့တဲ့ ဂျင်းဘောင်းဘီတွေကို ပြန်သုံးတဲ့နည်းလေးတစ်ခု ဖြစ်ပါတယ်။ လုပ်တဲ့နည်းကလည်း လွယ်ပါတယ်။
ဘောင်းဘီရဲ့ အောက်ဘက် ခြေထောက်ပေါက်တွေကို အပိတ်ဖြစ်အောင် ချုပ်လိုက်ပါ။ ပြီးရင်တော့ ကောက်ရိုး၊ ဒါမှ မဟုတ် တစ်ခုခုနဲ့ ဘောင်းဘီခြေထောက်ပေါက်ကို ဖြည့်လိုက်ပါ။
အပေါ်ပိုင်းတင်းပါးနေရာမှာ အပင်စိုက်မယ့်မြေကြီးကို အိတ်နဲ့ ထည့်လိုက်လို့ရပါတယ်။
တစ်ချို့ကတော့ ဘောင်းဘီတစ်ဝက်ကို မြေကြီးထဲထည့်ပြီး စိုက်တာမျိုးလည်း ရှိပါတယ်။ သင်စိတ်ကူးရှိသလောက် တီထွင်လို့ရပါတယ်။
Photos & Source: Fab Art DIY