Lifestyle: အရပ်ရှည်သူတွေအတွက် ကျေနပ်စရာ (၉) ချက်

တကယ်လို့ သင်ဟာ အရပ်ရှည်သူတစ်ယောက်ဆိုရင် ဒီအချက်တွေက သင့်အတွက် ကျေနပ်စရာ ဖြစ်ပါလိမ့်မယ်။

play

၁။ ထူးချွန်တယ်

အီဒင်ဘတ်တက္ကသိုလ်က ပြုလုပ်ခဲ့တဲ့ သုတေသနအရ အရပ်ရှည်သူတွေက ဉာဏ်စွမ်းဉာဏ်စ ပိုရှိပြီး ထူးချွန်သူတွေလို့ ဆိုပါတယ်။ အရပ်ရှည်မှုနဲ့ အိုင်ကျူမြင့်မားမှုဟာလည်း အနည်းငယ် ဆက်နွယ်မှုရှိကြောင်း သုတေသီတွေက ပြောထားပါတယ်။

play

 

၂။ ဆီးချိုဖြစ်ဖို့နည်းတယ်

အရပ်ရှည်တဲ့ အမျိုးသမီးတွေဟာ ဆီးချိုရောဂါ ဖြစ်ပွားမှုနှုန်း လျော့နည်းကြောင်း Obesity Reviews ဂျာနယ်မှာ ဖော်ပြပါတယ်။

၃။ ပိုမိုအောင်မြင်တယ်

အရပ်ရှည်သူတွေက ပိုအောင်မြင်လေ့ရှိပါတယ်။ သုတေသီတွေရဲ့ အဆိုအရ ကုမ္ပဏီအကြီးကဲတွေဟာ ပျမ်းမျှအားဖြင့် အရပ်ရှည်သူတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။ Fortun 500 စာရင်းမှာ ပါဝင်တဲ့ စီအီးအို အမျိုးသားတွေရဲ့ အရပ်အမြင့်က အခြား အမျိုးသားတွေထက် အနည်းဆုံး သုံးလက်မ ပိုတယ်လို့ သိရပါတယ်။

play

၎။ လခပိုကောင်းတယ်

သုတေသီတွေရဲ့ လေ့လာမှုအရ တစ်လက်မမျှ အရပ်ပိုရှည်သူတွေက တစ်နှစ်မှာ ခန့်မှန်းခြေအနေနဲ့ အမေရိကန်ဒေါ်လာ ၈၀၀ လောက် ဝင်ငွေပိုများကြတယ်လို့ ဆိုပါတယ်။

၅။ ဦးနှောက်ထိခိုက်မှုနည်းပါး

အရပ်ရှည်သူတွေဟာ ဦးနှောက်ပိုင်းဆိုင်ရာ ထိခိုက်မှုနည်းပါးပါတယ်။ အရပ်ရှည်ခြင်းနဲ့ ဦးနှောက်ထိခိုက်မှု နည်းပါးခြင်း ဆက်နွယ်မှုဟာ အမျိုးသားတွေမှာ အမျိုးသမီးတွေထက် ပိုမိုခိုင်မာစွာ တွေ့ရတယ်လို့ ဆိုပါတယ်။

play

၆။ နှလုံးရောဂါဖြစ်နိုင်ခြေနည်း

အရပ်ရှည်သူတွေဟာ နှလုံးကြွက်သား ကောင်းစွာအလုပ်မလုပ်နိုင်ခြင်းနဲ့ နှလုံးသွေးကြောဆိုင်ရာရောဂါ ဖြစ်ပွားနိုင်ခြေ နည်းပါးကြောင်း သုတေသီတေက ပြောပါတယ်။

၇။ ပိုမိုပျော်ရွှင်ရ

အရပ်ရှည်သူတွေက အရပ်ပုသူတွေထက် အကောင်းမြင်ခံစားမှု ပိုရှိကြကြောင်း လေ့လာမှုရလဒ်က ဆိုပါတယ်။ အရပ်ရှည်သူတွေက ဒေါသနဲ့ ဝမ်းနည်းပူဆွေးမှုကို ကြာရှည်ခံစားလေ့မရှိဘဲ ပိုမိုပျော်ရွှင်ရလေ့ရှိပါတယ်။

play

 

၈။ အလုပ်ပိုလုပ်နိုင်

သုတေသီတွေ ပြုလုပ်ခဲ့တဲ့ ခုနစ်နှစ်ကြာ သုတေသနတစ်ခုအရ အရပ်ရှည်သူတွေက အလုပ်ပိုလုပ်နိုင်ကြတယ်လို့ တွေ့ရှိရပါတယ်။

၉။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပိုရှိ

အရပ်ရှည်သူတွေဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပိုရှိပြီး လူမှုဆက်ဆံရေးလည်း ပိုကောင်းကြပါတယ်။
Source: HuffPost

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ