Lifestyle: နာဇီဂျာမနီလို ဝတ်ဆင်ပြီး ရည်းစားကို လက်ထပ်ခွင့်တောင်းသူ

နာဇီဂျာမနီဝတ်စုံဟာ ရိုမန်တစ်မဆန်ဆုံး ဝတ်စုံပါပဲ။

play

 

တခြားသူတွေအတွက် နာဇီဝတ်စုံဟာ လုံးဝရိုမန်တစ်ဆန်မှာ မဟုတ်ပေမဲ့ သမိုင်းကို ချစ်မြတ်နိုးသူဖြစ်တဲ့ တွမ်ဆွိအတွက်တော့ ရိုမန်တစ်အဆန်ဆုံး ဖြစ်ခဲ့ပါတယ်။

ဝေးလ်စ်နိုင်ငံ၊ ဂွန့်တ်ခရိုင်၊ ဘလန့်နာဗွန်မြို့မှာ သူတို့နှစ်ဦးစလုံး ၁၉၄၀ ပြည့်နှစ်များအတွင်းက ဂျာမန်ဝတ်စုံတွေနဲ့ သရုပ်ပြနေစဉ် အသက် ၂၁ နှစ်အရွယ် တွမ်ဆွိက အသက် ၁၉ နှစ်အရွယ် မာဆယ်လာမွန်တိုယာကို လက်ထပ်ခွင့်တောင်းခဲ့တာ ဖြစ်ပါတယ်။

play

 

"သူက ချက်ချင်း အင်းလို့ မပြောတော့ ကျွန်တော် တော်တော်လေးလန့်သွားတယ်။ သူ မင်သက်သွားတာ ထင်ပါတယ်" လို့ တွမ်က ပြောပါတယ်။

လူအုပ်ကြီးက ဝမ်းသာအားရ အားပေးခဲ့ကြပြီး လူတချို့မှာ မျက်ရည်တောင် ကျခဲ့ကြပါတယ်။

play

 

အဲဒီသရုပ်ပြအစီအစဉ်မှာ သမိုင်းချစ်သူ တွမ် ပါဝင်ခဲ့တာ ၄ နှစ်ရှိပြီဖြစ်ပြီး မာဆယ်လာကလည်း ဝင်ရောက်သရုပ်ပြရတာကို သဘောကျနှစ်ခြိုက်ပါတယ်။

စာအုပ်တွေဖတ်ခြင်းထက် အခုလို သရုပ်ပြခြင်းက သမိုင်းကို လူတွေပိုမိုနားလည်အောင် အထောက်အကူပေးလိမ့်မယ်လို့ သူတို့စုံတွဲက ယုံကြည်ထားပါတယ်။

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ