Lifestyle: ဆေးရုံတက်နေရင်း သိုးမွေးဦးထုပ်လုပ်ကာ အိမ်ရာမဲ့တွေကိုလှူတဲ့ အဘိုးအို

ဆေးရုံကုတင်ပေါ်ရောက်နေတာတောင် မွန်မြတ်တဲ့အလုပ်တစ်ခုကို လုပ်ဆောင်နိုင်ပါသေးတယ်။

play

 

လွန်ခဲ့တဲ့ သီတင်းပတ်အနည်းငယ်အတွင်းက အမေရိကန်နိုင်ငံ၊ မီချီကန်ပြည်နယ်မှာ အပူချိန်တွေမြင့်တက်ခဲ့လို့ သက်ကြီးရွယ်အိုတွေ နာမကျန်းဖြစ်ခဲ့ရပါတယ်။ အဲ့ဒီထဲမှာ အသက် ၉၁ နှစ်အရွယ် အဘိုးအို မော်ရီဘူးဂါ့တ်လည်း ပါဝင်ခဲ့ပါတယ်။

play

 

အခြားလူနာတွေနဲ့ မတူတာကတော့ အဘိုးဘူးဂါ့တ်ဟာ ကုတင်ပေါ်မှာလဲလျောင်းနေရင်း တစ်ချိန်လုံးလိုလို သိုးမွေးထိုးနေခဲ့တာပါ။ ရလာတဲ့ သိုးမွေးဦးထုပ်တွေကို အိမ်ရာမဲ့တွေကို လှူဒါန်းပါတယ်။ ဘူးဂါ့တ်ဟာ လွန်ခဲ့တဲ့ ၁၅ နှစ်ကစပြီး သိုးမွေးထိုးခဲ့တာဖြစ်ကာ ယနေ့ထိ ဦးထုပ်လုံးရေ ၈၀၀၀ ထိုးပြီးပြီလို့ သိရပါတယ်။ ဆေးရုံပေါ်မှာတော့ ဦးထုပ်တစ်လုံးကို နှစ်ရက်လောက် ထိုးနိုင်ပါတယ်။

play

 

ကုတင်ပေါ်မှာ ဒီအတိုင်းလဲလျောင်းနေတာထက်စာရင် သိုးမွေးဦးထုပ်တွေလုပ်နေရတာ သဘောကျသလို သူများတွေကို ပေးရတဲ့အတွက် ပီတိဖြစ်မိတယ်လို့ အသက် ၉၀ ကျော် အဘိုးအိုက ဆိုပါတယ်။

Source : CNN

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ