Lifestyle: ဘယ်သန်ဖြစ်ရတာ ဂုဏ်ယူသင့်တဲ့ အချက် (၅) ချက်

သင်ဟာ ဘယ်သန်တစ်ယောက်ဆိုရင်တော့ ဒီအချက် (၅) ချက်နဲ့တင် ဂုဏ်ယူသင့်နေပါပြီ။

play

 

ကမ္ဘာပေါ်က လူသားအားလုံးရဲ့ ဆယ်ရာခိုင်နှုန်းဟာ ဘယ်သန်တွေ ဖြစ်ကြတယ်လို့ စာရင်းရှိပါတယ်။ ဆယ်ဦးမှာ တစ်ဦးက

ဘယ်သန်ဖြစ်တယ်လို့ အဆိုရှိပါတယ်။

ဒါပေမဲ့ အောင်မြင်နေကြတဲ့ သူတွေထဲမှာတော့ ဘယ်သန်လူသားတွေ ပါဝင်မှုနှုန်းက ဆယ်ရာခိုင်နှုန်းထက် ပိုပါတယ်။ ဘယ်သန်ဖြစ်ရတာ ကောင်းကြောင်း သက်သေပြနေတဲ့ အချက် (၅) ချက်ရှိပါတယ်။

၁။ သမ္မတဖြစ်နိုင်ချေပိုရှိ

play

 

အမေရိကမှာ ဆိုရင်တော့ သမ္မတတွေထဲမှာ ဘယ်သန်ပါဝင်မှုနှုန်းက မြင့်မားလျှက်ရှိပါတယ်။ နောက်ဆုံး အမေရိကန် သမ္မတ ငါးဦးမှာ သုံးဦးက လုံးဝဘယ်သန်တွေဖြစ်ပြီး ကျန်တဲ့နှစ်ဦးကတော့ ဘယ်ရောညာပါ အသုံးပြုနိုင်သူတွေ ဖြစ်ကြပါတယ်။

၂။ အားကစားမှာ ထူးချွန်

play

 

အထူးသဖြင့် တင်းနစ်ပြိုင်ပွဲတွေမှာ ဘယ်သန်တွေက ပိုထူးချွန်ကြပါတယ်။ ရာဖေးနာဒယ်တို့လို ကစားသမားတွေဟာ ဘယ်သန်တွေ ဖြစ်ကြပါတယ်။

၃။ ကားမောင်သင်ရင် အတတ်လွယ်

play

 

ကားမောင်းသင်တဲ့အခါ ဘယ်သန်တွေက ပိုပြီး အတတ်မြန်ကြောင်း လေ့လာချက် တစ်ခုက ဖော်ထုတ်ထားပါတယ်။

၎။ ဉာဏ်ရည်ပိုမြင့်

play

 

နံပါတ်-၁ အချက်နဲ့ နည်းနည်းပိုနီးစပ်ပါတယ်။ ဘယ်သန်တွေထဲမှာ ဉာဏ်ရည်မြင့်မားသူနှုန်းပိုမို ပါဝင်လေ့ရှိပါတယ်။ ဥပမာ နိုဘယ်ဆုရထားတဲ့ စာရင်းကို ကြည့်လိုက်ရင် ဘယ်သန်အရေအတွက်က နှစ်ဆယ်ရာခိုင်နှုန်းလောက် အနည်းဆုံး ပါဝင်နေပါတယ်။

၅။ ဝင်ငွေပိုကောင်း

play

 

ဗြိတိန်မှာ လုပ်ထားတဲ့ စစ်တမ်းတစ်ခုအရ ဘယ်သန်ဝန်ထမ်းတွေက အဆင့်တူ ဝန်ထမ်းတွေနဲ့ ယှဉ်ရင် ပိုပြီး ဝင်ငွေကောင်းတယ်လို့ ဆိုပါတယ်။

Source : Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ