Lifestyle: လောင်စာ ထည့်စရာ မလိုဘဲ ခေါင်မိုးပါရင် မောင်းလို့ရတဲ့ ကား

ဈေးနှုန်းကတော့ ဒေါ်လာ တစ်သိန်းနီးပါးလောက်ထိ သွားဖို့ရှိတယ်လို့ ခန့်မှန်းရပါတယ်။

play

 

သူတို့ရဲ့ မော်ဒယ်သစ်  Revero ကို တောင်ကယ်လီဖိုးနီးယားအခြေစိုက် ကားကုမ္ပဏီ  Karma Automotive က သြဂုတ် ၁၁ ရက်နေ့က မိတ်ဆက်ခဲ့ပါတယ်။ ကားခေါင်မိုးကနေ နေရောင်ခြည်စွမ်းအင်ကိုရယူပြီး မောင်းမယ့် နည်းပညာကြောင့် ဒီကားအကြောင်းကို ကမ္ဘာ့မီဒီယာအသီးသီးကလည်း အာရုံစိုက်ဖော်ပြခဲ့ကြပါတယ်။

play

 

ယခင်က ခေါင်မိုးကနေ ဆိုလာစွမ်းအင်ကို ရယူအသုံးပြုခဲ့ပေမဲ့ ကားအဲကွန်းလောက်ကိုသာ စွမ်းအင်ပေးနိုင်တာဖြစ်ပါတယ်။ အခုမော်ဒယ်မှာ ပါဝင်လာတဲ့ ဝပ် ၂၀၀ ရှိတဲ့ ဆိုလာကားခေါင်မိုးကတော့ တစ်စီးလုံးကို စွမ်းအင်ထောက်ပံ့ပေးနိုင်တာ ဖြစ်ပါတယ်။

play

 

 Karma ဟာ သဘာဝပတ်ဝန်းကျင်နဲ့ညီညွတ်တဲ့ကားတွေ ထုတ်လုပ်ဖို့ ကြိုးစားနေတာဟာ လွန်ခဲ့တဲ့ ၅ နှစ်ကတည်းကဖြစ်ပြီး ငွေကြေးအခက်အခဲကြောင့် ရပ်နားခဲ့ရတာပါ။ တရုတ်ကားပစ္စည်းကုမ္ပတစ်ခုက ဝယ်ယူလိုက်ပြီး နောက်ပိုင်း သူတို့ရဲ့ မော်ဒယ်သစ် Revero ကို မိတ်ဆက်လာတာလည်း ဖြစ်ပါတယ်။

play

 

တရားဝင်ထုတ်ပြမယ့်ရက်ဟာ တစ်လလောက်လိုသေးတာကြောင့် ကားရဲ့ပါဝင်ပစ္စည်းတွေကိုတော့ အသေးစိတ်မပြောထားပါဘူး။ ဈေးနှုန်းကတော့ ဒေါ်လာ တစ်သိန်းနီးပါးလောက်ထိ သွားဖို့ရှိတယ်လို့ ခန့်မှန်းရပါတယ်။

Photos & Source: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ