Lifestyle: တိုင်တေနီယမ်သားနဲ့ လုပ်ထားတဲ့ ကမ္ဘာ့ပထမဆုံးကား

တိုင်တေနီယမ်သားကြောင့် ကားရဲ့ပုံစံက တကယ်မိုက်ပြီး ကြွတက်နေတာတော့ အမှန်ပါပဲ။

play

 

ယနေ့ခေတ်မှာတော့ တိုင်တေနီယမ်သားကို မီးခြစ်ကစပြီး အာကာသယာဉ်တွေထိ အသုံးပြုလာကြပါပြီ။ 

play

 

 Vulcano ကပြုလုပ်နေတဲ့ တိုင်တေနီယမ်ကားကို ပြီးခဲ့တဲ့နှစ်က နည်းနည်းလောက်သိခဲ့ရပါတယ်။ Icona Vulcano လို့ အမည်ရတဲ့ အဆိုပါကားဟာ အလေးချိန် ပေါင် ၃၅၀၀ ရှိပြီး ကာဗွန်ဖိုင်ဘာနဲ့ တိုင်တေနီယမ်သားကို ပေါင်းလုပ်ထားတာဖြစ်ပါတယ်။ တစ်နာရီမိုင် ၂၂၀ လောက်မောင်းမယ်လို့ Vulcano တို့ကကြေညာခဲ့ပြီး ၂၀၁၃ တုန်းကလည်း ရှန်ဟိုင်းကားပြပွဲမှာ concept ကားအဖြစ် အမြည်းသဘောမျိုးပြခဲ့ပါတယ်။

play

 

အခုတော့ အတည်ထွက်လာပါပြီ။ စက်တင်ဘာ တစ်ရက်နေ့မှာ ဈေးကွက်ထဲ ရောက်ရှိလာမှာဖြစ်ပြီး ဈေးနှုန်းကတော့  ပေါင် ၁.၅ သန်းလောက်ရှိပါတယ်။ တိုင်တေနီယမ်သားကြောင့် ကားရဲ့ပုံစံက တကယ်မိုက်ပြီး ကြွတက်နေတာတော့ အမှန်ပါပဲ။ အမြင့်စားကားမျိုးဖြစ်တာကြောင့် စွမ်းဆောင်ရည်တွေကလည်း မနိမ့်ပါဘူး။

play

 

တိုင်တေနီယမ်သားနဲ့လုပ်တဲ့ ပွဲဦးထွက်ကားဖြစ်ပြီး ဒီကားရဲ့အခြေအနေအရ နောက်ပိုင်း ဈေးကွက်ထဲမှာ တိုင်တေနီယမ်ကားတွေ ရှိလာနိုင်ပါတယ်။

Photos & Source: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ