Lifestyle: အသက် ၈၀ ပြည့်မွေးနေ့ကို ဆိုင်ကယ်စီးပြီး ကျင်းပတဲ့ အဘွားအို

သူမနဲ့အတူ ဆိုင်ကယ်သမား ၃၀ လည်း ပါဝင်ခဲ့ပါတယ်။

play

 

ရှီလာဟာ့တ်ဆိုတဲ့ အဘွားအိုဟာ သုံးဘီးတပ် မော်တော်ဆိုင်ကယ်စီးချင်ကြောင်း သမီးဖြစ်သူ ဆမ်ကို လွန်ခဲ့တဲ့ ၂ နှစ်က ပြောခဲ့ဖူးပါတယ်။

အင်္ဂလန်နိုင်ငံ၊ ဘိုတန်မြို့မှာရှိတဲ့ မိသားစု မုန့်ဆိုင်ကို အသွားမှာ ကားပျက်သွားပြီလို့ အဘွားအို ရှိလာဟ့တ်ရဲ့ မိသားစုက သူမကို ပြောခဲ့ပါတယ်။

play

 

လမ်းထောင့်မှာတော့ ဆိုင်ကယ်သမား ၃၀ ခန့်က ကြိုစောင့်နေခဲ့ပြီး ပန်းရောင်ဘောလုံးတွေနဲ့ အလံတွေ တပ်ထားတဲ့ ဆိုင်ကယ်တစ်စီးလည်း အသင့်ရှိနေခဲ့ပါတယ်။

သမီးဖြစ်သူ ဆမ်က သူငယ်ချင်း ဆိုင်ကယ်သမားကို အကူအညီတောင်းပြီး မိခင်ရဲ့ အသက် ၈၀ ပြည့်မွေးနေ့ကို အံ့သြသွားအောင် ကျင်းပပေးခဲ့တာ ဖြစ်ပါတယယ်။

play

 

"မယုံနိုင်စရာပါပဲ။ အရမ်းအံ့သြဝမ်းသာမိတယ်။ နောက်တစ်ကြိမ် ဘယ်တော့စီးရမှာလဲ" လို့ အဘွားအိုက ဝမ်းသာအားရဆိုခဲ့ပါတယ်။

ှSource & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ