Lifestyle: မိခင်ရဲ့စိတ်ကို ဖတ်နိုင်တဲ့ ၅ နှစ်သားလေး

ဘာသာစကား ၇ မျိုးကိုလည်း သင်ယူနေသူပါ။

play

 

၅ နှစ်အရွယ် ရမ်ဆေးလေးဟာ သူမသိအောင် ရွေးချယ်လိုက်တဲ့ နံပါတ်တွေကို အမှန်အတိုင်း ပြောပြနိုင်တယ်လို့ အသက် ၃၂ နှစ်အရွယ် မိခင် နစ္စဆန်ဂူအီနိုက ဆိုပါတယ်။

သားဖြစ်သူ ရမ်ဆေးလေးက ၅ နှစ်အရွယ်သာ ရှိသေးပေမဲ့ ဘာသာစကား ၇ မျိုးကို သင်ယူနေကာ  ခက်ခဲတဲ့ သင်္ချာပုစ္ဆာတွေကိုလည်း တွက်နိုင်တဲ့အတွက် နစ္စမှာ အံ့သြနေရပါတယ်။

play

 

လော့ဆန်းဂျလိစ်မှာနေထိုင်တဲ့ အဆိုပါကလေးငယ်ဟာ ကမ္ဘာပေါ်က အတော်ဆုံး ဉာဏ်ကြီးရှင် ၅ ဦးထဲမှာ ပါဝင်တယ်လို့ ယူဆထားပြီး နစ္စက သူ့ရဲ့ပါရမီတွေကို ဗီဒီယို ရိုက်ကူးပြီး အွန်လိုင်းမှာ ပြသထားပါတယ်။

ဟားဘက်ဆေးဘက်ဆိုင်ရာကျောင်း မဟာဌာနမှာ လုပ်ကိုင်ခဲ့ဖူးတဲ့ ဒေါက်တာဒိန်းပေါင်းဝဲလ်က အဆိုပါဗီဒီယိုကို YouTube မှာ ကြည့်ခဲ့ရပြီး ရမ်ဆေးကို အမျိုးမျိုးစမ်းသပ်ခဲ့ရမှာ ကလေးငယ်ဟာ စိတ်ဖတ်နိုင်စွမ်းရှီတာကို မြင်တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

Source & Photos : Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ