Lifestyle: စာအုပ်ထဲမှာ ဥယျာဉ်လေးတစ်ခု ဘယ်လိုလုပ်မလဲ

, updated

တစ်ပတ်မှာ နှစ်ခါလောက် ဇွန်းနဲ့ ရေလောင်းပေးရုံပါပဲ။

play

 

စာအုပ်ထဲမှာ ချစ်စရာ ဥယျာဉ်လေးတစ်ခု လုပ်ကြည့်ရအောင်ပါ။ လိုအပ်တဲ့ ပစ္စည်းတွေကတော့

၁- တစ်လက်မလောက်ထူတဲ့ စာအုပ်တစ်အုပ် (အဖုံးအမာဖြစ်ရပါမယ်။ အရှည်ကတော့ သင်ထားမယ့်နေရာကိုကြည့်ပြီး စဉ်းစားပါ။)

၂ - စက္ကူဖြတ်ဓား ကောင်းကောင်းတစ်လက်

၃ - ကော်

၎ - ပလတ်စတစ်စ (ပလတ်စတစ်အိတ်အကြည်သားကို ဖြတ်ရင် အဆင်ပြေပါတယ်။)

၅ - ဘရပ်ရှ်တစ်ခု

၆ - ကျောက်စရစ်ခဲအသေးစားလေးတွေနဲ့ အပင်အချို့

၇ - သင်စိတ်ကူးလို့ရတဲ့ ပစ္စည်းအချို့

play

 

၁ - စာအုပ်အနားတွေကို ကော်နဲ့သုတ်ပါ။ အပေါ်ပိုင်း စာရွက်အနည်းငယ်ကိုတော့ ချန်ခဲ့ဖို့ လိုပါတယ်။ ကော်ခြောက်တာကို စောင့်တဲ့အခါမှာ အပေါ်ကနေ လေးလံပစ္စည်းတစ်ခုနဲ့ စာအုပ်ကို ဖိထားပါ။

play

 

၂ - လှီးထုတ်မယ့်အတိုင်းအတာကို ပေတံနဲ့သေချာတိုင်းပြီး အရာပေးပါ။ စက္ကူဖြတ်ဓား ကောင်းကောင်းသုံးဖို့လိုပါတယ်။ သာမန်ဓားနဲ့ အဆင်မပြေပါဘူး။ စာရေးကိရိယာဆိုင်ခပ်ကြီးကြီးတွေမှာ မေးဝယ်ပါ။ လှီးထုတ်တဲ့အခါမှာ စိတ်ရှည်ဖို့ လိုပါတယ်။ လှီးပြီးသားဖြစ်တဲ့ အပေါ်ကစာရွက် သုံးလေးရွက်ကို တစ်ဖက်ကိုလှန်ပြီး ဖယ်ထားလိုက်ပါ။

play

 

၃ - ပလတ်စတစ်သားကို လှီးထားတဲ့အထဲ ထည့်ပါ။ ရေတွေ စက္ကူကို မစိုအောင်လို့ ဖြစ်ပါတယ်။ ပလတ်စတစ်သားက လိုတာထက် ပိုကြီးရပါမယ်။ လောလောဆယ်မှာ ပိုနေတဲ့ ပလတ်စတစ်စတွေကို မဖြတ်လိုက်ပါနဲ့ဦး။

play

 

၎ - ကျောက်စရစ်ခဲတွေထည့်ပါ။ ပလတ်စတစ်စကို အနည်းငယ်ဖြတ်ပြီး အနားစတွေကို ဘောင်မှာ စတပ်ပလာသုံးပြီးကပ်ပါ။

play

 

၅ - မြေကြီးထည့်ပြီး ဇွန်းနဲ့ရေခပ်ထည့်ပါ။ succulents လို့အပင်မျိုးလေးတွေက အဆင်ပြေပါတယ်။ သဘာဝပန်းမန်တွေရောင်းချတဲ့ဆိုင်မှာ သေချာမေးဝယ်သင့်ပါတယ်။ cactus လို ဆူးပင်မျိုးလည်း အဆင်ပြေပါတယ်။

play

 

၆ - အပင်စိုက်ပြီးသွားရင် မြေသားကို ထိန်းဖို့ အပေါ်ကနေ သဲဖြစ်ဖြစ်၊ ကျောက်စရစ်ခဲဖြစ်ဖြစ် ထပ်ထားပေးရပါမယ်။ အားလုံးပြီးသွားရင်တော့ ဘောင်မှာ ကပ်ထားတဲ့ ပလစ်စတစ်သားပေါ်မှာ ကော်သုတ်ပြီး ချန်ထားတဲ့ စက္ကူသုံးလေးရွက်ကို အပေါ်က ကပ်ပေးလိုက်ရုံပါပဲ။

တစ်ပတ်မှာ နှစ်ခါလောက် ဇွန်းနဲ့ ရေလောင်းပေးရုံပါ။ သင်နှစ်သက်တယ်ဆိုရင် ရေညှိလေးတွေထပ်ထည့်ပြီးလည်း အလှဆင်လို့ရပါတယ်။

Photos & Source: instructables

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ