Lifestyle: မိတ်ကပ်ပညာနဲ့ ချောက်ချားဖွယ်ပုံစံတွေ ဖန်တီးပြတဲ့ ဆယ်ကျော်သက် မိန်းကလေး

, updated

အသက် ၁၇ နှစ်သာ ရှိပေမဲ့ မိတ်ကပ်အစွမ်းက အံ့မခန်းပါပဲ။

play

 

ကယ်လီဖိုးနီးယားပြည်နယ်၊ ဝဲလ်လစ်မြို့မှာနေထိုင်တဲ့ တစ်ဖနီဟာ လွန်ခဲ့တဲ့ ၂ နှစ်က ဟော်လိုဝင်းပွဲအတွက် ချောက်ချားဖွယ်မိတ်ကပ်ပြင်ဆင်မှုကို စမ်းသပ်ခဲ့ပြီးတဲ့နောက် ယင်းမိတ်ကပ်ညာကို စိတ်ဝင်စားသွားခဲ့တာပါ။

play

 

သူမဟာ ပါရမီထူးလှသူဖြစ်ပြီး အစစ်အမှန်လားထင်ရလောက်တဲ့ ချောက်ချားဖွယ်ပုံစံတွေကို ဖန်တီးနိုင်တာကို တွေ့ရပါတယ်။

play

 

လွန်ခဲ့တဲ့ ၉ လက သူမရဲ့ပုံတွေကို အွန်လိုင်းမှာ စပြီးတင်ခဲ့စဉ်က မနှစ်မြို့သူတွေ ရှိခဲ့ပေမဲ့ သူမကတော့ ဝါသနာကို မစွန့်လွှတ်ခဲ့ပါဘူး။

play

 

"အဲဒါနဲ့ပတ်သက်ပြီး ခံစားချက်တွေ ရောထွေးနေတယ်။ တချို့က မိုက်တယ်ထင်ပြီး တချို့က အနိဋ္ဌာရုံလို့ ယူဆတယ်" လို့ သူမက ဆိုပါတယ်။

play

 

ပြင်ဆင်ချိန် မိနစ် ၄၀ ကနေ ၃ နာရီအထိ အချိန်ယူရတယ်ဆိုတဲ့ သူမရဲ့ ပုံတွေဟာ အသက်ဝင်လွန်းလှပြီး ကြောက်စရာအလွန်ကောင်းတာတော့ အမှန်ပါပဲ။

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ