AD
AD
AD
play

 

နှုတ်ခမ်းထူထူ ပိုင်ဆိုင်ရတဲ့အတွက် ခါတိုင်းထက် ပျော်ရွှင်ရပါတယ်လို့ ဆိုတဲ့ အမျိုးသမီးဟာ ပေါက်ထွက်မတတ်ထူနေတဲ့ နှုတ်ခမ်းရအောင် ပြုလုပ်ပြီးတာတောင် ရပ်ဖို့ စိတ်ကူးမရှိသေးပါဘူး။

လီဘာပူးမှာ နေထိုင်တဲ့ အယ်လီရာဘရိုင်နီဟာ နှုတ်ခမ်းထူထူ ပိုင်ဆိုင်ဖို့ ဒေါ်လာ ၂၁၀၀ ကျော် အကုန်အကျခံ ပြုပြင်ခဲ့ပါတယ်။

play

 

အဲဒီနောက် သူမဟာ နှုတ်ခမ်းကို  တစ်ကြိမ်ကို ၃၂၅ ဒေါ်လာ ကျသင့်တဲ့ ၆.၇ မီလီ filler ဖြည့်ခဲ့ပြီး နောက်ထပ် ၁ မီလီ ထပ်တိုးချင်သေးတယ်လို့ ဆိုပါတယ်။

နှုတ်ခမ်းပြုပြင်ခြင်းက နာကျင်ပေမဲ့လည်း တန်ပါတယ်လို့ အသက် ၃၀ အရွယ် အယ်လီရာက ဆိုပါတယ်။

play

 

သူမရဲ့ထူထဲတဲ့ နှုတ်ခမ်းကြောင့် ဆိုရှယ်မီဒီယာမှာ ပရိသတ် ထောင်နဲ့ချီ ရခဲ့တဲ့ အယ်လီရာဟာ "တစ်ခါတလေ လမ်းပေါ်မှာ ကျွန်မကို ကြည့်နေတဲ့သူတွေကို တွေ့ရပြီး ကျွန်မအမေက နှုတ်ခမ်းကို filler ထပ်မဖြည့်ဖို့ ပြောပါတယ်။ ဒါပေမဲ့ ကျွန်မမမှုပါဘူး။ ဒါ ကျွန်မဘဝ၊ ကျွန်မနှုတ်ခမ်းပါ" လို့ သူမက ဆိုပါတယ်။

play

 

Source & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle


AD