Lifestyle: အိုဗာတင်းရဲ့ ကျပ်သိန်း ၁၀၀ ကံထူးရှင်တစ်ဦး ထပ်မံထွက်ပေါ်

အိုဗာတင်းရဲ့ ၂၀ ဂရမ်အထုပ်ငယ်တွေထဲမှာ ကျပ်သိန်း ၁၀၀ ဆုတွေထည့်သွင်းပေးထားခဲ့ရာမှာ အခုဆိုရင်နောက်ထပ် ကံထူးရှင်တစ်ဦး ထပ်မံလို့ထွက်ပေါ်လာပြန်ပါပြီ။

play

 

အိုဗာတင်းရဲ့ ၂၀ ဂရမ်အထုပ်ငယ်တွေထဲမှာ ကျပ်သိန်း ၁၀၀ ဆုတွေထည့်သွင်းပေးထားခဲ့ရာမှာ အခုဆိုရင်နောက်ထပ် ကံထူးရှင်တစ်ဦး ထပ်မံလို့ထွက်ပေါ်လာပြန်ပါပြီ။

အခုထွက်ပေါ်လာတဲ့ကံထူးရှင်နဲ့ဆိုရင် ကျပ်သိန်း ၁၀၀ ကံထူးရှင်ပေါင်း ၅ ဦးအထိရှိလာခဲ့ပြီဖြစ်ပါတယ်။ ဒီတစ်ကြိမ် အိုဗာတင်းရဲ့ ကျပ်သိန်း ၁၀၀ ဆုကိုဆွတ်ခူးနိုင်ခဲ့တာကတော့ မုံရွာမြို့က ဦးကျော်သန်းပဲ ဖြစ်ပါတယ်။

ကံထူးရှင် ဦးကျော်သန်းဟာနှလုံးသွေးကြောကျဉ်းရောဂါခံစားနေရသူဖြစ်တာကြောင့် MRTV ရဲ့ မင်္ဂလာပါအစီအစဉ်က ဖိတ်ကြားမှုကိုတော့ ကိုယ်တိုင်တက်ရောက်နိုင်ခဲ့ခြင်းမရှိဘဲ သူ့ရဲ့ဇနီးဖြစ်သူက ကိုယ်စားတက်ရောက်ပြီး သိန်း ၁၀၀ ဆု ကံထူးခဲ့တဲ့အကြောင်းနဲ့ပတ်သက်လို့ ပြန်လည်ပြောပြခဲ့ပါတယ်။

ဦးကျော်သန်းဟာ ပုံမှန်သောက်နေကျအတိုင်း အိုဗာတင်းကို မနက်စောစောဖျော်သောက်ရင်းက ကျပ်သိန်း ၁၀၀ ကံထူး သွားခဲ့တာပါ။

အိုဗာတင်း ၂၀ ဂရမ်အထုပ်ငယ်တွေထဲမှာ ကျပ်သိန်း ၁၀၀ ဆုထည့်သွင်းထားကြောင်း သိရှိထားတာကြောင့် အိုဗာတင်းအထုပ်ကို ဖောက်သောက်တိုင်းအတွင်းကို ကြည့်ဖြစ်လေ့ရှိကြောင်း ဦးကျော်သန်းရဲ့ ဇနီးက MRTV 4 ရဲ့ မင်္ဂလာပါအစီအစဉ်မှာ ပြောကြားသွားခဲ့ပါတယ်။

ဒီတစ်ကြိမ် ကျပ်သိန်း ၁၀၀ ကံထူးတဲ့ အိုဗာတင်းအထုပ်ကို ရောင်းချပေးနိုင်ခဲ့တာကတော့ မုံရွာမြို့၊ ဘုရားကြီးလမ်းက ဒေါ်ခင်မိ ကုန်မျိုးစုံဆိုင်ပဲ ဖြစ်ပါတယ်။ MRTV 4 ရိုက်ကူးရေးအဖွဲ့ဟာ ဒေါ်ခင်မိ ကုန်မျိုးစုံဆိုင်ပိုင်ရှင် ဒေါ်ခင်မိနဲ့ သွားရောက်တွေ့ဆုံမေးမြန်းပြီး အိုဗာတင်းရဲ့ ဆုငွေ ကျပ် ၁ သိန်းနဲ့ ဂုဏ်ပြုမှတ်တမ်းလွှာတို့ကို ပေးအပ်ခဲ့တာကိုလည်း မင်္ဂလာပါအစီအစဉ်မှာ ထုတ်လွှင့်သွားချက်အရ သိရပါတယ်။

ယခုအချိန်မှာ အိုဗာတင်းရဲ့ သိန်း(၁၀၀)ဆု ၅ ဆုအထိထွက်ပေါ်သွားပြီဖြစ်ပေမဲ့ စုစုပေါင်း ၁၀ ဆုအထိထည့်သွင်း ထားတာကြောင့် ကျပ် သိန်း(၁၀၀) ဆု ၅ ဆုကျန်ရှိနေပါသေးတယ်။

အိုဗာတင်းရဲ့ကံစမ်းမဲကာလက ၂၀၁၆ ခုနှစ်၊ ဇွန်လမှ သြဂုတ်လအထိ ဖြစ်ပြီး သိန်း ၁၀၀ ကံထူးရှင်များ အနေနဲ့ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ၊ ၃၀ ရက်နေ့နောက်ဆုံးထားပြီး ထုတ်ယူရမှာဖြစ်တယ်လို့ အိုဗာတင်းရဲ့ ကြေညာ ထားချက်အရ သိရပါတယ်။ အိုဗာတင်းရဲ့

ပဉ္စမမြောက်သိန်း (၁၀၀) ကံထူးရှင် နဲ့ MRTV 4 တို့တွေ့ဆုံမေးမြန်းထားတဲ့ ဗီဒီယိုကိုအောက်ပါ link မှာကြည့်ရှု့နိုင်ပါတယ်။

ဗီဒီယိုကြည့်ရန်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ