Lifestyle: စိုးရိမ်စိတ်လွန်ကဲသူတို့ တွေးတတ်တဲ့ အဓိပ္ပာယ်မရှိတဲ့ အတွေး (၁၀) ခု

သင် ဒီလိုတွေ တွေးနေမိပြီဆိုရင်တော့ သင့်မှာလည်း စိုးရိမ်စိတ်လွန်ကဲတဲ့ ပြဿနာရှိနေပါပြီ။

play

 

စားဝတ်နေရေးအတွက် အပြင်းအထန်ရုန်းကန်နေရပြီး ရောဂါစုံ၊ ဘေးအန္တရာယ်အမျိးမျိုးဖြစ်နေတဲ့ ယနေ့ခေတ်ကြီးမှာ စိုးရိမ်စိတ်လွန်ကဲခြင်းဟာ လူတော်တော်များများ တွေ့ရတတ်ပါတယ်။

စိုးရိမ်စိတ်လွန်ကဲလာခြင်းဟာ သင့်ရဲ့ပျော်ရွှင်မှုကို ထိခိုက်နိုင်တဲ့အတွက် အောက်ပါအချက်တွေ ဖြစ်ပေါ်နေပြီဆိုရင် သင့်ရဲ့ပူပန်မှုတွေကို လျှော့ချသင့်ပါပြီ။

၁။ အသက်ရှူမွန်းကျပ်လာတယ်။

၂။ သူငယ်ချင်း၊ မိသားစုအတွက် ကိုယ်က ဝန်ထုပ်ဝန်ပိုးလို့ ခံစားရတယ်။

၃။ ကိုယ့်ကိုယ်ကိုယ် အရှုံးသမားလို့ ခံစားရတယ်။

၎။ ခင်မင်တဲ့သူတစ်ဦးတစ်ယောက်က သင့်ကို ပြုံးမပြတဲ့အခါ သူ သင့်ကို မုန်းနေတယ်လို့ ထင်တယ်။

play

 

၅။ ကိုယ်လုပ်ခဲ့တဲ့ အမှားတွေကိုပဲ ပြန်ပြန်တွေးမိနေတယ်။

၆။ အလုပ်မှာ/ လူကြားထဲမှာ သင်ပြောတာကို ဘယ်သူမှ နားမထောင်ဘူးလို့ ထင်နေတယ်။

၇။ ဘာဆုံးဖြတ်ချက်မှ မချနိုင်ဖြစ်နေတယ်။

၈။ အိမ်တံခါးရော သေချာပိတ်မိလား၊ မီးဖိုရောပိတ်မိလားလို့ တွေးပူမိနေပြီး ညဥ့်နက်သန်းခေါင်ထကြည့်တတ်တယ်။ (တကယ်တော့ သင်ကိုယ်တိုင်ပိတ်ခဲ့တာ သင်သိပါတယ်)

၉။ အပြောင်းအလဲတွေများတဲ့ ဒီဘဝကြီးထဲက ခဏလောက်ထွက်သွားချင်တယ်။

၁၀။ ဒီလို စိုးရိမ်ပူပန်နေရတဲ့ ဘဝထဲက ဘယ်တော့မှ ထွက်နိုင်မှာ မဟုတ်ဘူးလို့ သင်ထင်တယ်။

play

 

တကယ်တော့ သင့်အတွေးတွေအားလုံးက မှားပါတယ်။ အချိန်ကုန်၊ အကျိုးမရှိသလို အဲဒါတွေ တွေးလေလေ သင် ပိုစိတ်ညစ်ရလေ ဖြစ်မှာပါပဲ။ အဲဒီအတွေးတွေ ရပ်ပြီး ဘဝကို ပျော်ရွှင်စွာဖြတ်သန်းနိုင်ဖို့ ကြိုးစားနေထိုင်ကြည့်လိုက်ပါ။

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ