Lifestyle: မျက်နှာအသားပိုကြီးရှိပေမဲ့ အွန်လိုင်းကနေ မိတ်ကပ်သင်တန်းပေးနေသူ

သူမရဲ့မွေးရာပါချို့ယွင်းမှုကြောင့် ရုပ်ဆိုးလှသလို စကားလည်းမပြောနိုင် အစာလည်းမစားနိုင်ပါဘူး။

play

 

မွေးရာပါ မျက်နှာအသားပိုကြီးကြောင့် စကားလည်းမပြောနိုင် အစာလည်း မစားနိုင်တဲ့ အသက် ၂၁ နှစ်အရွယ် မိန်းကလေးဟာ ဆိုးရွားလှတဲ့ ရုပ်သွင်ရှိပေမဲ့ သူမဝါသနာပါရာ မိတ်ကပ်သင်တန်းကို YouTube ကနေ ပြသနေပါတယ်။

play

 

တစ်ချိန်က လမ်းပေါ်မှာ လူစိမ်းတွေနဲ့ တွေ့ရင် မျက်နှာကို ဖုံးအုပ်ထားတတ်တဲ့ မာရီမာကွီအိုရာဟာ အခုတော့ အွန်လိုင်းပေါ်မှာ သူမရဲ့ ဗီဒီယိုကို ကြည့်ရှုသူ သန်းပေါင်းများစွာ ရှီနေပါပြီ။

play

 

စကားမပြောနိုင်တဲ့အတွက် ဗီဒီယိုတွေထဲမှာ လက်ဟန်အမူအရာနဲ့ စကားပြောရပေမဲ့လည်း သူမဟ ဇွဲမလျှော့ဘဲ သူမဝါသနာကိုသာ တစိုက်မတ်မတ်လုပ်ဆောင်ခဲ့ပါတယ်။

play

 

"ကျွန်မအတွက်ကတော့ အလှဆိုတာ ကိုယ့်ကိုယ်ကိုယ်လက်ခံတာပဲ။ တခြားသူတွေ သင့်ကို ဘာပြောပြောလျစ်လျူရှုရမယ်။ ကိုယ့်အလှက ဘာဆိုတာကို  ပြရမယ်။ သူများနဲ့ မတူတဲ့ ရုပ်သွင်ရှိတာ ပြဿနာမဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ်သာ လက်ခံဖို့ပဲ" လို့ ကယ်လီဖိုးနီးယားမှာ နေထိုင်တဲ့ မာရီမာက ပြောခဲ့ပါတယ်။

play

 

အရင်ကတည်းက မိတ်ကပ်ပညာကို စိတ်ဝင်စားခဲ့တဲ့ မာရီယာဟာ လွန်ခဲ့တဲ့ ၂ နှစ်ကတော့ သူမဝါသနာကို စတင်ဖို့ ဆုံးဖြတ်လိုက်ပြီး YouTube မှာ ကိုယ်ပိုင်ဗီဒီယို တင်ခဲ့ပါတယ်။

သူမဟာ မယုံနိုင်လောက်အောင် အောင်မြင်ခဲ့ပြီး သူမရဲ့ ဗီဒီယိုကို ကြည့်ရှုသူ ၅ သန်းရှိခဲ့ကာ သူမရဲ့ရဲရင့်တဲ့ စိတ်ဓာတ်ကို အားကျတဲ့ အမျိုးသမီးတွေဆီကလည်း အွန်လိုင်းကနေ စာတွေ ပို့လာခဲ့ပါတယ်။

Source & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ