Lifestyle: အရေးပေါ်အသက်ကယ်နည်းနဲ့ ပြုစုတတ်တဲ့ ခွေးလိမ္မာလေး

ဗုံးမှန်ပြီးလဲသွားတဲ့သခင်ကို အရေးပေါ်အသက်ကယ်နည်းနဲ့ ပြုစုကယ်တင်ပြခဲ့ပါတယ်။

play

 

ရုရှားနိုင်ငံ မော်စကိုမြို့မှာပြုလုပ်တဲ့ FCI ခွေးအကချန်ပီယံပြိုင်ပွဲမှာ ခွေးလေးတစ်ကောင်ဟာ ကပြရုံသာမက အရေးပေါ်အသက်ကယ်နည်းကိုပါ လက်တွေ့သရုပ်ပြခဲ့ပါတယ်။ ပွဲကိုတော့ ဇွန်လ ၂၃ ရက်မှ ၂၆ ရက်နေ့အထိ ပြုလုပ်ခဲ့တာဖြစ်ပေမဲ့ YouTube ပေါ်မှာတော့ ရေပန်းစားနေဆဲပါ။

play

 

Deril ဆိုတဲ့ ခွေးလေးနဲ့ သခင်ဖြစ်သူလူစီတို့ရဲ့ နှစ်ဦးတွဲတင်ဆက်မှုဟာ ပြိုင်ပွဲရဲ့ ဒုတိယဆုကို ရရှိစေခဲ့ပါတယ်။ လူစီက ဗုံးမှန်လို့ဒဏ်ရာရပြီး လဲကျသွားဟန် သရုပ်ဆောင်စဉ်မှာ Deril က အပြေးလာပြီး ပြုစုခဲ့ပါတယ်။

play

 

ရင်ဘတ်ကို လက်လေးတွေနဲ့ဖိကာ နှလုံးခုန်အောင်ပြုလုပ်ပြသလို ပါးစပ်ချင်းတေ့ပြီး လေမှုတ်သွင်းပြပုံကိုလည်း သရုပ်ပြခဲ့လို့ ဒိုင်တွေရော ပရိသတ်တွေပါ ပွဲကျခဲ့ရပါတယ်။

play

 

လူစီက သူမနဲ့ခွေးလေးရဲ့ပြိုင်ပွဲဝင်ဗီဒီယိုကို ဖေ့စ်ဘွတ်ပေါ်မှာတင်ထားပါသေးတယ်။ ယခုချိန်ထိ ကြည့်ရှုသူ ၂ သန်း ရှိကာ share ပြုလုပ်သူတွေလည်း များပြားနေပါတယ်။

Source : Daily Mail

ဗီဒီယိုကြည့်ရှုရန်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ