Lifestyle: အသက်ရှည်ချင်ရင် စာဖတ်ပါ

လေ့လာမှုမှာ ပါဝင်သူတွေရဲ့ ကျန်းမာရေး အခြေအနေအပြင် စာဖတ်တဲ့ အလေ့အထကိုလည်း မေးမြန်းခဲ့ပါတယ်။

  play


ဝတ္တုရှည်ကဲ့သို့ စာအုပ်များဖတ်လေ့ရှိသူတွေဟာ အသက်ပိုရှည်ကြကြောင်း သုတေသနတစ်ခုက တွေ့ရှိခဲ့ပါတယ်။ စာအုပ်ဖတ်သူတွေဟာ စာဖတ်လေ့မရှိသူတွေထက် ပျမ်းမျှအားဖြင့် အသက် ၂ နှစ် ပိုရှည်လေ့ရှိတယ်လို့ ဆိုပါတယ်။

play


တစ်ပတ်မှာ သုံးနာရီခွဲကျော်ကြာ စာဖတ်လေ့ရှိသူတွေဟာ လေ့လာမှုပြုလုပ်ခဲ့တဲ့ ၁၂ နှစ်ကြာကာလအတွင်း သေဆုံးနိုင်ခြေ ၂၃ ရာခိုင်နှုန်း လျော့နည်းကြောင်း သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။ သတင်းစာ၊ မဂ္ဂဇင်းနဲ့ အခြား အခါအားလျော်စွာ စာဖတ်လေ့ရှိခြင်းကလည်း သက်တမ်းပိုရှည်မှုနဲ့ ဆက်နွယ်နေပေမဲ့ ဝတ္တုစာအုပ်တွေ ဖတ်ခြင်းလောက်တော့ သက်တမ်းရှည်ကြာမှုအပေါ် သက်ရောက်မှု အားမကောင်းဘူးလို့ ဆိုပါတယ်။

play


ယခု သုတေသနကို ယေးလ်တက္ကသိုလ်မှ သုတေသီတွေက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အသက် ၅၀ နှစ်နဲ့အထက် လူပေါင်း ၃,၆၃၅ ဦးရဲ့ အချက်အလက်တွေကို လေ့လာခဲ့ကြတာ ဖြစ်ပါတယ်။ သုတေသီတွေက လေ့လာမှုမှာ ပါဝင်သူတွေရဲ့ ကျန်းမာရေး အခြေအနေအပြင် စာဖတ်တဲ့ အလေ့အထကိုလည်း မေးမြန်းခဲ့ကြပြီး သုတေသနပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

play

 
လေ့လာမှုမှာ ပါဝင်သူတွေကို စာအုပ်မဖတ်တဲ့ အုပ်စု၊ တစ်ပတ်လျှင် သုံးနာရီခွဲကြာ စာအုပ်ဖတ်တဲ့ အုပ်စုနဲ့ အပတ်စဉ် အချိန်သုံးနာရီခွဲထက်ပိုပြီး စာဖတ်တဲ့ အုပ်စုအဖြစ် အုပ်စုသုံးစုခွဲပြီး လေ့လာခဲ့ကြပါတယ်။ သုတေသီတွေရဲ့ ကောက်ချက်ချမှုအရ စာအုပ်ဖတ်လေ့ရှိသူတွေဟာ စာအုပ်မဖတ်သူတွေထက် ၂၃ လကြာ အသက်ပိုရှည်ကြကြောင်း သိရပါတယ်။

play

ယေးလ်တက္ကသိုလ်မှ သုတေသီတွေရဲ့ သုတေသနတွေ့ရှိချက်ကို Social Science and Medicine ဂျာနယ်မှာ ဖော်ပြထားပြီး စာအုပ်ဖတ်ခြင်းနဲ့ အသက်ပိုရှည်ခြင်း ဘာကြောင့် ဆက်နွယ်နေကြောင်းကိုတော့ သုတေသီတွေက အသေးစိတ် ရှင်းမပြခဲ့ဘူးလို့ ဆိုပါတယ်။
Source & Photo: DLML

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ