Lifestyle: အလုပ်မှာ အမြဲတွေ့ရတတ်တဲ့ ဝန်ထမ်း (၁၀) မျိုး

, updated

သင်ကိုယ်တိုင်ရော ဘယ်လိုဝန်ထမ်းအမျိုးအစားထဲမှာ ပါဝင်ပါသလဲ။

play

 

လုပ်ငန်းခွင် လုပ်ဖော်ကိုင်ဖက်နဲ့ မိတ်ဆွေတွေဆို အလုပ်လုပ်နေသူတွေအတွက် နေ့စဉ် တွေ့ကြုံနေရသူတွေ ဖြစ်ပါတယ်။ လုပ်ငန်းခွင်တွေမှာ နေရာပေါင်းစုံက လူမျိုးပေါင်းစုံ ရှိနေတတ်တာကြောင့် မတူကွဲပြားသူတွေ အများကြီး တွေ့ရမှာ သေချာပါတယ်။

နေ့စဉ် လုပ်ငန်းခွင်မှာ အမြဲတွေ့ရလေ့ရှိတဲ့ ဝန်ထမ်း (၈) မျိုးရှိပါတယ်။

၁။ ဇီဇာကြောင်တဲ့ မန်နေဂျာ

play

 

အသေးအဖွဲလေးကအစ လက်အောက်ကဝန်ထမ်းရဲ့ လှုပ်ရှားမှုတွေ လိုက်ကြည့်နေတတ်ပြီး အပြစ်ရှာတတ်တဲ့ မန်နေဂျာမျိုးပါ။ ဘာကိုမျှ သင်ပြပေးခြင်းမရှိဘဲ အပြစ်သာရှာတတ်သူမျိုးကို ဘယ်သူမှ မတွေ့ချင်ပါဘူး။

၂။ သဘောကောင်းလွန်းသူ

သဘောကောင်းတာကိုမှ ဟိုဘက်ကို ရောက်နေတတ်တဲ့ ဝန်ထမ်မျိုးဖြစ်ပါတယ်။ သူများမလုပ်ချင်တဲ့ အလုပ်မျိုးတွေလည်း သူက မငြင်းဘဲ အမြဲလုပ်လေ့ရှိပြီး ကိုယ့်ကိုအမြတ်ထုတ်နေတဲ့ သူကိုတောင်မှ အားတက်သရော လုပ်ပေးတတ်သူဖြစ်ပါတယ်။ သူ့အိမ်မှာလည်း ပါတီပွဲ လုပ်ပေးလေ့ရှိသူဖြစ်ပါတယ်။ မကောင်းတဲ့ အချက်ကတော့ သူ့ကြောင့် လုပ်ဖော်ကိုင်ဖက်တွေ အခွင့်အလမ်းနဲ့ တိုးတက်မှုလမ်း ပိတ်တာပါပဲ။

၃။ အတင်းပြောသူ

play

 

ဒါကလည်း ရုံးတိုင်း၊ ကုမ္ပဏီတိုင်းမှာ ရှိပါတယ်။ သတင်းတစ်ခုခုဆို သူတို့က အရင်သိနေတတ်ပြီး အားလပ်ချိန်ဆို သူတို့လို လူမျိုးတွေနဲ့ စုပြီး အခြားသူတွေရဲ့အကြောင်း အမြဲပြောလေ့ရှိပါတယ်။

၎။ အဆက်အသွယ်ကောင်းသူ

ရုံးမှာတင်မဟုတ်ဘဲ ပြင်ပ လုပ်ငန်းခွင်တွေမှာပါ အဆက်အသွယ်ကောင်းတဲ့ သူမျိုးပါ။ သူ့မှာ မိတ်ဆွေကောင်း၊ အခွင့်အလမ်းကောင်းတွေ ရှိနေတတ်သူဖြစ်ပါတယ်။ ဒီလိုလူမျိုးက သင့်ရဲ့ ဝန်ထမ်းဘဝကို အကျိုးပြုနိုင်မှာ ဖြစ်လို့ တွေ့လာခဲ့ရင် မုန့်ဝယ်ကျွေးဖို့ မမေ့ပါနဲ့။

၅။ ဘယ်သူနဲ့မှ မတည့်သူ

play

 

သူတို့က အထီးကျန်နေတာမဟုတ်ပါဘူး။ သူတို့ရဲ့ အပြုအမူ၊ အပြောအဆို၊ မျက်နှာထား စတာတွေကြောင့် ဘယ်သူနဲ့မှ မတည့်တာပါ။

၆။ ဆရာကြီး (အကုန်သိသူ)

ဘယ်ကိစ္စ၊ ဘယ်အကြောင်းအရာအတွက်ပဲ ဖြစ်ဖြစ်သူတို့မှာ အဖြေအမြဲတမ်းရှိပြီး သူတို့အကုန်သိတဲ့ ပုံဖမ်းတတ်ကြပါတယ်။  အစည်းအဝေးနဲ့ ဆွေးနွေးပွဲတွေမှာ စကားများပြီး အသုံးမဝင်တဲ့ အကြံနဲ့ အကြောင်းအရာတွေပဲ ပြောလေ့ရှိပါတယ်။ ပြဿနာကတော့ သူတို့ကိုယ်သူတို့ ဗဟုသုတ ကြွယ်ဝတယ်ထင်နေပြီး တကယ်တော့ အဲလိုမဟုတ်ပါဘူး။

၇။ ငပျင်း

ဒါလည်း အလုပ်အတော်များများမှာတွေ့ရပါတယ်။ အလုပ်လုပ်ဖို့ပျင်း၊ ဟိုဟာ၊ ဒီဟာလုပ်ဖို့ပျင်း အကုန်လုံးအတွက် ပျင်းနေတတ်သူပါ။ အလုပ်လည်း စေတနာထား မလုပ်သူတွေ ဖြစ်ပါတယ်။

၈။ ဒရာမာကွင်း

play

 

သူတို့ကို ကြည့်လိုက်ရင် ဖိအားတွေအမြဲများနေတတ်ပြီး စိုးရိမ်ပူပန်စရာ တစ်ခုမဟုတ် တစ်ခုရှိနေတတ်ပါတယ်။ ဘယ်လို အဆင်မပြေကြောင်း ဆိုတာတွေကိုလည်း အမြဲညည်းပြတတ်ပါတယ်။

၉။ ခေါင်းဆောင်ကောင်း

ခေါင်းဆောင်ကောင်းတစ်ယောက်လို အနစ်နာခံတတ်သူဖြစ်ပြီး ကျန်တဲ့ဝန်ထမ်းတွေရဲ့ လေးစားမှု၊ ယုံကြည်မှုကို ရရှိထားသူ ဖြစ်ပါတယ်။

၁၀။ ဉာဏ်ကြီးရှင်

play

 

ပြဿနာတွေကို သူစဉ်းစားလိုက်ရင် အလွယ်တကူ အဖြေရှာတွေ့တာ များပါတယ်။ သူ့ဆီက ကောင်းမွန်တဲ့ အကြံတွေ အမြဲထွက်လာလေ့ရှိတယ်။ ဒီလိုဝန်ထမ်းမျိုးနဲ့ ခေါင်းဆောင်ကောင်းကတော့ ရှားပါးပါတယ်။

Source : Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ