AD
AD
AD
  play


အမြွှာညီအစ်ကို၊ အမြွှာညီအစ်မတွေဟာ တစ်ယောက်တည်းမွေးသူတွေထက် ပိုအသက်ရှည်တတ်တယ်လို့ သုတေသနတစ်ခုက ဖော်ပြပါတယ်။ သုတေသနကို Washington တက္ကသိုလ်က ဒေးဗစ်ရှာရိုးက ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပြီး အမြွှာတွေထဲကမှ ညီအစ်မ၊ ညီအစ်ကိုလို တူညီတဲ့အမြွှာတွေက ပိုအသက်ရှည်တတ်တယ်လို့ ဆိုပါတယ်။

သုတေသနဟာ အသက် ၁၀ နှစ်ကျော်ကစပြီး အမြွှာပေါင်း ၂၉၃၂ တွဲကို လေ့လာခဲ့တာဖြစ်ပါတယ်။ အဆိုပါ လူတွေအကုန်လုံးဟာ ဒိန်းမတ်နိုင်ငံကဖြစ်ပြီး အချက်အလက်တွေကို ဒိန်းမတ် အမြွှာစာရင်းရုံးကနေ ရယူခဲ့တာလို့ သိရပါတယ်။ ရရှိလာတဲ့ အမြွှာအချက်အလက်တွေနဲ့ သာမန်လူတွေရဲ့ အချက်အလက်တွေကို နှိုင်းယှဉ်သုတေသနပြုခဲ့ရာမှာ အခုလိုမျိုး တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

play


သာမန်အမျိုးသား အယောက် ၁၀၀ မှာ ၈၄ ယောက်ဟာ ၄၅ နှစ်ထိ အသက်ရှင်ဆဲ ဖြစ်ပေမဲ့ အမြွှာတွေမှာတော့ အယောက် ၉၀ ထိ အသက်ရှင်နှုန်းရှိတာကြောင့် ၆ ရာခိုင်နှုန်းခန့် ကွာခြားတာ ဖြစ်ပါတယ်။ အမျိုးသမီးအမြွှာတွေမှာတော့ အသက်ရှင်မှုနှုန်းဟာ သာမန်လူတွေထက် ၁၀ ရာခိုင်နှုန်းပိုသာပါတယ်။

Photos & Source: Zee News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD