Lifestyle: အဘိုးဖြစ်သူနဲ့လေ့ကျင့်ခန်းလုပ်ရင်း ကြံ့ခိုင်ရေးမော်ဒယ်ဖြစ်လာသူလေး

သူမရဲ့စိတ်ကူးအိပ်မက်တွေ အကောင်ထည်ပေါ်ခဲ့ပါပြီ။

play

 

ဘာစီယာ ကတ်စတီလစ်အမည်ရှိ အသက် ၂၄ နှစ်အရွယ် ပိုလန်သူလေးဟာ အသက် ၈၀ ရှိနေပြီဖြစ်တဲ့ သူမရဲ့အဘိုးနဲ့အတူ နှစ်ယောက်တွဲလေ့ကျင့်ခန်းလုပ်ရာကနေ ကြံ့ခိုင်ရေးမော်ဒယ်ဖြစ်လာခဲ့ပါတယ်။

play

 

ငယ်ငယ်ကတည်းက ကြံ့ခိုင်ရေးမော်ဒယ်ဖြစ်ဖို့ စိတ်ကူးယဉ်ခဲ့တဲ့ သူမရဲ့အိပ်မက်တွေက အဘိုးကကူညီအကောင်ထည်ဖော်ပေးခဲ့တာပါ။ သူမ ဆယ်ကျော်သက်အရွယ်ကတည်းက အဘိုးဖြစ်သူက လေ့ကျင့်ခန်းတွေလုပ်စေခဲ့ပါတယ်။

play

 

ခုတော့ သူမက တကယ်ပဲ ကြံ့ခိုင်ရေးမော်ဒယ်ဖြစ်လာခဲ့ပါပြီ။ အဘိုးဖြစ်သူနဲ့လည်း တနင်္ဂနွေတိုင်း အိမ်မှာလေ့ကျင့်ခန်းအတူလုပ်နေကြဆဲပါ။

Source : Daily Mail

play
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ