Lifestyle: ဂေါ်ရီလာကြီးကြောင့် ၁၆ နှစ်လုံးလုံး ဘယ်မှမသွားရတဲ့ စုံတွဲ

ဂေါ်ရီလာကြီးကို ဒစ်ဂျစ်လို့ နာမည်ပေးထားပါတယ်။

play

 

ပြင်သစ်လူမျိုး ဇနီးမောင်နှံ ပီရာနဲ့ အဲလီယန် ထရီဗီလန်တို့ စပြီးမွေးတုန်းက ဒစ်ဂျစ်ဟာ ၄ ပေါင်နဲ့ ၆ အောင်စပဲ ရှိပါတယ်။

play

 

သားသမီးမရှိတဲ့ သူတိုစုံတွဲဟာ စွန့်ပစ်ခံခဲ့ရတဲ့ လူဝံပေါက်မလေးကို မွေးစားဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဒစ်ဂျစ်ကို နို့ဘူးတိုက်ကာ

မွေးဖွားခဲ့တဲ့အပြင် အိမ်ထဲမှာ စည်းကမ်းတကျနေတတ်အောင်လည်း လေ့ကျင့်ပေးထားကြပါတယ်။

play

 

ပြင်သစ်နိုင်ငံ၊ လီယွန်မြို့ အနောက်ပိုင်းမှာရှိတဲ့ သူတို့အိမ်နဲ့ ကပ်လျက်မှာ ဒစ်ဂျစ်အတွက် အိမ်တစ်လုံးဆောက်ပေးထားပါတယ်။

အခုဆိုရင် ဒစ်ဂျစ်ဟာ သူ့ဘာသာအကုန်လုပ်တတ်နေပြီး သွားကြားက အစာတွေထုတ်တာနဲ့ လက်ကစူးနေတဲ့ အစတွေကို ဆွဲထုတ်တာလောက်ပဲ သူ့ရဲ့လူမိဘတွေက ကူညီလုပ်ပေးရတာပါ။

ဒစ်ဂျစ်ဟာ ကြီးမားကြံ့ခိုင်လှပေမဲ့လည်း စိတ်က အရမ်းကိုနုပါတယ်။ မိဘနှစ်ပါးမရှိရင် ဝမ်းနည်းတတ်တဲ့အတွက် သူ့ကို ထားသွားလို့မရဘူးလို့

ဒစ်ဂျစ်ကို ၁၈ နှစ်လုံးလုံး သားသမီးအရင်းလို စောင့်ရှောက်လာခဲ့တဲ့ ပီရာနဲ့ အဲလီယန်က ဆိုပါတယ်။

play

 

"ကျွန်တော်တို့မှာ အားလပ်ရက်ခရီးထွက်ဖို့မပြောနဲ့ တစ်ညတောင် အပြင်မထွက်ဖြစ်ဘူး။ ရုပ်ရှင်ရုံလည်းမရောက်သလို ညစာလည်း

အပြင်ထွက်မစားဖြစ်ဘူး။ ကျွန်တော်တို့ မရှိရင် ဒစ်ဂျစ်က ဝမ်းနည်းတယ်။ သူဝမ်းနည်းရင် ကျွန်တော်တို့လည်း စိတ်မကောင်းဘူး" လို့ ပီရာက ဆိုပါတယ်။

play

 

သူတို့ဇနီးမောင်နှံမှာ ကိုယ်ပိုင် တိရစ္ဆာန်ရုံတစ်ရုံနဲ့ အစားအသောက်မလုံလောက်တဲ့ တိရစ္ဆာန်ရုံတွေနဲ့ ဆပ်ကပ်အဖွဲ့တွေက

ကယ်ထင်ထားတဲ့ တိရစ္ဆာန်တွေအတွက် ဘေးမဲ့တောတစ်ခု ရှိပါတယ်။

မျောက်တွေ၊ နှင်းကျားသစ်တွေ၊ ကျားတွေ၊ ခြင်္သေ့တွေနဲ့ နောက်ထပ် ဂေါ်ရီလာမျောက်ဝံ ၈ ကောင်အပါအဝင် တိရစ္ဆာန် တစ်ထောင်ကျော်ကို သူတို့ဇနီးမောင်နှံက စောင့်ရှောက်နေတာ ဖြစ်ပါတယ်။

Source & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ