Lifestyle: ရေသန့်တစ်ဘူးရောင်းရုံနဲ့ ဒေါ်လာ ၅၀၀ ဘောက်ဆူးရလိုက်တဲ့ စားပွဲထိုး

ရေသန့်ဘူးက ၃၇ ဆင့်ပဲ တန်ပါတယ်။

play

 

တက္ကဆက်ပြည်နယ် ဒဲလက်စ်မြို့က Applebee စားသောက်ဆိုင်တစ်ဆိုင်မှာ အလုပ်လုပ်တဲ့ ကက်စီဆိုင်မွန်ကို ရေတစ်ဘူးပဲ မှာသောက်တဲ့ အမျိုးသမီးတစ်ဦးက ဘောက်ဆူး ပေးခဲ့တာ ဖြစ်ပါတယ်။

သူမမှာတဲ့ ရေဘူးဟာ ၃၇ ဆင့်ပဲ ရှိပြီး မီနူးထဲမှာ ဈေးအချိုဆုံးဖြစ်ပါတယ်။ ဒါပေမဲ့ သူမဟာ ကေစီအတွက် ဒေါ်လာ ၅၀၀ ထားခဲ့ပြီး အကြောင်းရင်းကို လက်ကိုင်ပဝါမှာ ရေးသားခဲ့ပါတယ်။

play

 

ဆိုင်မွန်ဟာ အဲဒီနေ့မတိုင်ခင် တစ်ရက်က စူပါမားကက်တစ်ခုကို သွားခဲ့ပြီး စိတ်ညစ်နေပုံရတဲ့ အမျိုးသမီးကြီးတစ်ဦးကို မြင်တွေ့ခဲ့ပါတယ်။ တခြားဈေးဝယ်သူတွေက သူမကို လျစ်လျူရှုထားချိန်မှာ သူက အဲဒီအမျိုးသမီး စိတ်ပျော်ရွှင်အောင် ကြိုးစားခဲ့တဲ့အပြင် ဈေးဝယ်တဲ့ပစ္စည်းတွေအတွက်ပါ ရှင်းပေးခဲ့ပါတယ်။

"၁၇ ဒေါ်လာဖိုးတည်းပါ။ ဒါပေမဲ့ အဲဒါ ငွေအတွက် မဟုတ်ပါဘူး။ လူတစ်ယောက်ကို ဂရုစိုက်ကြောင်း ပြတဲ့သဘောပါ" လို့ ဆိုင်မွန်က ဆိုပါတယ်။

သူ့ကို ဒေါ်လာ ၅၀၀ ပေးသွားတဲ့ အမျိုးသမီးက သူမဟာ သူကူညီခဲ့ဖူးတဲ့ အမျိုးသမီးကြီးရဲ့သမီးဖြစ်ကြောင်း လက်ကိုင်ပဝါပေါ်မှာ ရေးသားထားပါတယ်။ သူမမိခင်ဟာ အဲဒီနေ့က ခင်ပွန်းဖြစ်သူ သေဆုံးတာ သုံးနှစ်ပြည့်တဲ့နေ့မို့လို့ ဝမ်းနည်းနေတာဖြစ်ကြောင်းလည်း ရေးထားပါတယ်။

play

 

"သူမအတွက် တစ်နှစ်တာမှာ ဝမ်းအနည်းရဆုံးနေ့ပါ။ ရှင်က ကျွန်မအမေကို အဲဒီနေ့မှာ စိတ်ပျော်ရွှင်အောင် လုပ်ပေးခဲ့တယ်။ သူ့အတွက် အတင်းငွေချေပေးခဲ့တယ်။ အရမ်းချောတဲ့အမျိုးသမီးလို့ ပြောခဲ့တယ်။ အဖေသေကတည်းက သူ ဒီလောက်ပြုံးတာ တစ်ခါမှ မမြင်ဖူးဘူး" လို့ ရေးထားပါတယ်။

ဒါပေမဲ့ သူမဟာ သူမရဲ့မိခင်နာမည်ကို ရေးသားထားခြင်းမရှိပါဘူး။ ကက်စီသိလိုက်ရတာကတော့ ဝမ်းနည်းပူဆွေးနေတဲ့ အမျိုးသမီးတစ်ဦးရဲ့ဘဝကို အပြောင်းအလဲဖြစ်သွားအောင် သူလုပ်ခဲ့တယ်ဆိုတာပါပဲ။

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ