Lifestyle: ရယ်ချင်သူများအတွက်

Duwun ပရိသတ်တွေရဲ့ ဘဝအမောတွေ ခဏတာဖြစ်ဖြစ် ပြေပျောက်စေဖို့အတွက် ရယ်စရာလေးတွေပါ။

play

 

အိပ်လွန်းသူ

အထက်အရာရှိ - မင်း ဒီနေ့ ဘာဖြစ်လို့ ရုံးနောက်ကျရတာလဲ?
ဝန်ထမ်း - ကျွန်တော် အိပ်ရာထတာ နေမြင့်သွားလို့ပါ ... ဆရာ။
အထက်အရာရှိ - သြော် မင်းက အိမ်မှာလည်း အိပ်သေးတကကိုး။

ဘယ်သူများလဲ

အမျိုးသား - တောက်! နာသကွာ ... ရုပ်ရှင်ရုံထဲမှာ မီး ဒီလောက်အကြာကြီး ပြတ်မယ်မှန်းသိရင် ချစ်ရဲ့ပါးလေးကို တစ်ဝကြီး နမ်းပါတယ်။
အမျိုးသမီး - ဟင်! ဒါဆို မီးပြတ်တိုးက လာနမ်းတာ ကိုကို မဟုတ်ဘူးပေါ့နော်။

တစ်ချိုးတည်း

ဇနီး - သားက သုံးရက်သားလေးပဲရှိသေးတယ်။ အကြောကတော့ ဖအေနဲ့ချွတ်စွပ်။
ခင်ပွန်း - ဘာလို့တုန်း မိန်းမရဲ့။
ဇနီး - ဒီမှာကြည့်လေ ... ကျွန်မ စကားပြောလို့တောင် မပြီးသေဘူး။ သူက အိပ်ပျော်နေပြီ။

play

တစ်ယောက်ပဲ

အမျိုးသမီး - ဟယ်လို ... ရဲစခန်းကပါလားရှင်။
ရဲအရာရှိ - ဟုတ်ပါတယ် ... ဘာများကူညီပေးရမလဲ ခင်ဗျာ။
အမျိုးသမီး - ဒီလိုပါ ... အခုညကြီး အချိန်မတော် ကျွန်မရဲ့ခြံထဲကို လူနှစ်ယောက် တစ်ပြိုက်နက်တည်း ရောက်နေပါတယ်။ အဲဒါ တစ်ယောက်ထွက်သွားအောင် ကူညီပေးပါရှင်။

သဘောထားချင်းတူနေတယ်

သား - အခု ကျွန်တော် အရွယ်ရောက်ပြီ ဒယ်ဒီ ... လွတ်လပ်တာ၊ စွန့်စားပျော်ရွှင်တာ၊ မိန်းမလှလှလေးတွေ လိုချင်တာ ကျွန်တော်တို့လို လူငယ် ယောက်ျားလေးတွေရဲ့ လိုလားချက်ပါပဲ။ ဒါတွေကို တောင့်တမိလို့ ဒယ်ဒီ့အနေနဲ့ ဆူငေါက်မယ်ဆိုရင်တော့ အိမ်မှာ မနေဘူး။ ဆင်းသွားမယ်ဗျာ။
ဖခင် - ဒယ်ဒီ့ကိုလည်း ခေါ်သွားပါကွာ ... ဒယ်ဒီလည်း သားနဲ့သဘောထားထပ်တူပါပဲ။

ပိုရမှ

မိခင် - သမီးလေးရေ ... ဟိုအန်တီကပြောတယ်။ သမီးမောင်လေးကို ရောင်းမလား။ ပိုက်ဆံအများကြီးပေမယ်တဲ့။
သမီး - ဟင့်အင်း မရောင်းဘူး မေမေ။
မိခင် - သမီးက မောင်လေးကို သိပ်ချစ်တာပဲကိုး။
သမီး - မဟုတ်ဘူးမေမေ ... ဒီထက်ဈေးပိုရအောင် နည်းနည်းကြီးမှ ရောင်းမလိုပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ