Lifestyle: ပလတ်စတစ်အိတ်ထဲ ဝင်ရိုက်ရတဲ့ အန္တရာယ်များလှတဲ့ စုံတွဲဓာတ်ပုံ

တစ်ခုခုလွဲချော်သွားရင် အသက်ရှူကျပ်ပြီး သေသွားနိုင်ပါတယ်။

play

 

မင်္ဂလာဆောင် ဓာတ်ပုံဆရာတွေဟာ စုံတွဲတွေရဲ့ အချစ်ကို ဖော်ညွှန်းဖို့အတွက် နည်းလမ်းသစ်တွေ အမြဲတမ်း စဉ်းစားနေတတ်သူတွေပါ။

play

 

ဂျပန်ဓာတ်ပုံဆရာ ဟောလ်ကာဝါဂူချီဟာ စုံတွဲတစ်တွဲကို ပလတ်စတစ်အိတ်ကြီးတစ်အိတ်ထဲထည့်ကာ အိတ်ထဲက အောက်စီဂျင်တွေကို အကုန်စုတ်ထုတ်ပြီး ဓာတ်ပုံရိုက်ဖို့ အကြံရခဲ့ပါတယ်။

play

 

ဓာတ်ပုံအရိုက်ခံတဲ့ စုံတွ အသက်အောင့်ထားချိန်မှာ ဓာတ်ပုံအမြန်ရိုက်ရတာဖြစ်လို့ ရိုက်ချိန် ၄ စက္ကန့်သာ ရရှိတဲ့အတွက် လိုရမယ်ရ ဆေးဘက်အကူတစ်ဦးကိုလည်း ဟောလ်က အနားမှာ ခေါ်ထားပါတယ်။

play

 

တစ်ခုခုလွဲချော်သွားခဲ့ရင် အသက်သေဆုံးတဲ့အထိ အန္တရာယ်များလှပေမဲ့ ကြင်စဦးဇနီးမောင်နှံတွေနဲ့ ချစ်သူစုံတွဲ အများအပြားဟာ ထူးဆန်းလှတဲ့ဓာတ်ပုံရိုက်ကူးဖို့အတွက် သူ့ဆီကို လာရောက်လျက်ရှိပါတယ်။

"ချစ်သူနှစ်ယောက် ဘယ်လောက်အထိ နီးကပ်ပြီး ချစ်ကြတယ်ဆိုတာ ပြသဖို့အတွက် နှစ်ယောက်စလုံးကို လေမရှိတဲ့အိတ်ထဲမှာထည့်ဖို့ ဆုံးဖြတ်ခဲ့တယ်" လို့ ဟောလ်က ပြောပါတယ်။

play

 

"ဖြစ်လာနိုင်တဲ့အရာတွေကို သူတို့ကို ရှင်းပြတယ်။ အိတ်ထဲကိုမထည့်ခင် အရင်ဆုံး အစမ်းလုပ်ကြည့်တယ်။ လေလုံးဝမကျန်တော့တဲ့အထိ ဖုန်စုပ်စက်နဲ့ လေတွေကို အကုန်စုပ်ပစ်တယ်။ ဓာတ်ပုံရိုက်ဖို့အတွက် ကျွန်တော့်မှာ ၄ စက္ကန့်ပဲ အချိန်ရပါတယ်" လို့ ဟောလ်က ရှင်းပြပါတယ်။

Source & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ