Lifestyle: ဘဝကို အရှုံးမပေးတဲ့ ခြေသုံးချောင်းနဲ့ခွေးလေး

သင်စိတ်ဓာတ်ကျတိုင်း အိုလီဆိုတဲ့ ဒီခွေးလေးကို သတိရလိုက်ပါ။

play

 

အိုလီဟာ အမေရိကန်ပြည်ထောင်စု၊ တန်နက်စီပြည်နယ်၊ နော့ခ်ျဘေးမြို့က ရွှေအိုရောင် အမဲလိုက်ခွေးလေးပါ။

ခွေးသားအုပ်မကြီးက ခွေး ၁၁ ကောင်ပဲ ပေါက်မယ်လို့ ထင်ထားခဲ့ပေမဲ့ ၁၂ ကောင်မြောက် ခွေးလေး မွေးဖွားလာခဲ့တာ နောက်ဆုံးမှ မွေးတဲ့ခွေးလေးက မွေးကတည်းက ခြေသုံးချောင်းသာ ပါလာခဲ့ပါတယ်။

play

 

ဒါပေမဲ့ အိုလီဟာ တခြားခွေးတွေလိုပဲ ပြေးလွှားဆေဆာ့ကစားတဲ့အပြင် အလုပ်ကြိုးစားသလို ကြီးမားတဲ့ ဆောင်ရွက်ချက်တွေကိုတောင် ဆောင်ရွက်နိုင်ခဲ့သူ ဖြစ်ပါတယ်။

play

 

ရှေ့ခြေတစ်ချောင်းပဲပါတဲ့ အိုလီအတွက် ရက်ပေါင်းများစွာ တက်ဖို့ခက်ခဲနေတဲ့ လှေခါးထစ်တစ်ခုကို အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပုံကို သူ့ရဲ့သခင်က ဗီဒီယိုရိုက်ပြီး အင်စတာဂရမ်မှာ မျှဝေခဲ့တဲ့နောက် သူ့ကို လူတွေက စတင်သတိထားမိခဲ့တာ ဖြစ်ပါတယ်။

play

 

အမြဲတမ်း တက်ကြွနေပြီး ဇွဲမလျှော့တတ်တဲ့ အိုလီဟာ မြို့ရဲ့အချစ်တော် ခွေးလေးဖြစ်လို့ နေပါပြီ။

play

 

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ