Lifestyle: နှစ်ငါးသောင်းသက်တမ်းရှိ ကမ္ဘာ့ရှေးအကျဆုံးအပ်

ငှက်အရိုးကို ထွင်းထုထားတာဖြစ်ပါတယ်။

 

ကမ္ဘာ့သက်တမ်းအရင့်ဆုံး အပ်တစ်ချောင်းကို ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားဒေသရှိ ဂူတစ်ခုထဲကနေ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ သုတေသီတွေရဲ့အဆိုအရ ယင်းအပ်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀,၀၀၀ ကတည်းက ရှိနှင့်ပြီးသားဖြစ်တယ်လို့ ယူဆရပါတယ်။

 

 Altai တောင်တွေထဲက Denisova ဂူထဲကနေ ရှာတွေ့ခဲ့ကြတာပါ။ ယင်းဂူမှာ ရှေးဟောင်းသုတေသီပေါင်းများစွာကလည်း ရှာဖွေလေ့လာရေးတွေ ပြုလုပ်ခဲ့ကြဖူးပါတယ်။

 

ယခုတွေ့ရှိတဲ့အပ်ဟာ အလျား သုံးလက်မ (၇.၆ စင်တီမီတာ) ရှည်လျားပြီး ရှေးဟောင်းငှက်တစ်မျိုးရဲ့ အရိုးကနေ လက်မှုပညာနဲ့ထွင်းထုထားတာဖြစ်ပါတယ်။ Denisovan လို့ ခေါ်တဲ့ ရှေးလူသားမျိုးနွယ်တွေရဲ့လက်ရာဖြစ်နိုင်ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ