Lifestyle: မိကျောင်းတွေ လိုက်ဖမ်းရတာ ဝါသနာပါတဲ့ ဖလော်ရီဒါက မိန်းကလေး

ငါးနှစ်သားအရွယ်ကတည်းကစလို့ မိကျောင်းဖမ်းတဲ့လုပ်ငန်းမှာ ဝါသနာပါသွားခဲ့တာလို့ ဆိုပါတယ်။

play

 

အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်မှာ နေထိုင်တဲ့ မိန်းကလေးတစ်ဦးထံမှာ ကလေးဘဝကတည်းက ထူးဆန်းတဲ့ ဝါသနာတစ်ခုပါလာခဲ့ပါတယ်။

play

 

လှပတဲ့ သူမရဲ့ ရုပ်ရည်နဲ့မလိုက်အောင်ကို သူမဟာ မိကျောင်းတွေ ဖမ်းရတာ ဝါသနာပါသူဖြစ်ပြီး အမြဲတမ်းလည်း မိချောင်းတွေနဲ့ တရင်းတနှီး နေလေ့ရှိသူဖြစ်ပါတယ်။ သူမကျောင်းစမတက်ရသေးခင် အသက် ၅ နှစ်အရွယ်မှာကတည်းက သူ့ရဲ့ဖခင်ဖြစ်သူနဲ့ မိကျောင်းဖမ်းတဲ့ လုပ်ငန်းကို ရင်းနှီးကျွမ်းဝင်ခဲ့တာပါ။ သူမရဲ့ဖခင်ကိုယ်တိုင်ကလည်း မိကျောင်းဖမ်းသူ တစ်ဦးဖြစ်ခဲ့ပါတယ်။

play

 

အသက်၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ သူမက ၁၅ နှစ်အရွယ်မှာ သူမကိုယ်တိုင် အားထုတ်မှုနဲ့ ပထမဆုံး မိချောင်းကို စတင်ဖမ်းဆီးနိုင်ခဲ့ပါတယ်။ သူမကတော့ မိချောင်းတွေကို အန္တရာယ်ရှိတဲ့ တိရိစ္ဆာန်လို့ မမြင်ဘဲ အခြားအိမ်မွေးတိရိစ္ဆာန်တွေလိုပဲ မြင်မိတယ်လို့ ဆိုပါတယ်။

play

 

သူမဟာမိကျောင်းတွေကြောင့် တစ်ကြိမ်တစ်ခါမှ ဒဏ်ရာရတာမျိုး မရှိခဲ့ဖူးဘူးလို့လည်း ကေလာလို့ အမည်ရတဲ့ မိန်းကလေးက ပြောပါတယ်။

play

 

သူမရဲ့ ခန္ဓာကိုယ်ထက်နှစ်ဆလောက်ကြီးတဲ့ မိကျောင်းကိုတောင် သူမ ဖမ်းခဲ့ဖူးပါတယ်။ သူမဟာ မိကျောင်းဖမ်းခွင့် တရားဝင်လိုင်စင်ရထားသူဖြစ်ပြီး လိုအပ်ရင်တစ်နှစ်ကိုမိချောင်းနှစ်ကောင် သတ်ခွင့်ပေးထားပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ