Lifestyle: သင့်ကလေးတွေ လုံခြုံစေဖို့ သိရမယ့် အချက် (၇) ချက်

, updated

ထမင်းဘူးလိုနေရာမျိုးမှာ နာမည်ရေးထားတာမျိုး မလုပ်ပါနဲ့။

play

 

၁ - အသုံးအဆောင်

အများမြင်မယ့် ကလေးရဲ့အသုံးအဆောင်တွေမှာ နာမည်မရေးပါနဲ့။ ဥပမာ - ထမင်းဘူးလိုနေရာမျိုးမှာ နာမည်ရေးထားတာမျိုး ဖြစ်ပါတယ်။ လူစိမ်းတစ်ယောက်ဟာ ဒီနာမည်ကို သိသွားပြီး ချည်းကပ်လာနိုင်ပါတယ်။ နာမည်ကို ခေါ်ပြီး ချည်းကပ်လာတာကြောင့် ကလေးကလည်း ပိုပြီး ယုံလွယ်ပါတယ်။

၂ - စကားဝှက်

ကလေးရဲ့ လုံခြုံမှုအတွက် စကားဝှက်လေးတွေ ထားသင့်ပါတယ်။ တစ်ယောက်ယောက်ကို သွားခေါ်ခိုင်းတဲ့အခါ ဒီစကားဝှက်လေးပြောမှ လိုက်ခဲ့ဖို့ မှာထားတာမျိုးပါ။ တစ်ယောက်ယောက်အိမ်မှာ ရှိတဲ့အခါ သူ့အတွက်အန္တရာယ်ရှိတယ်လို့ ခံစားရရင် ဖုန်းဆက်ပြီး စကားဝှက်ကို ပြောတာမျိုး ဖြစ်ပါတယ်။

play

 

၃ - လူစိမ်းအန္တရာယ်

ကလေးတွေကို အဓိကထားပြောပြသင့်တာ လူစိမ်းတွေရဲ့ အန္တရာယ်ပါ။ ဘယ်လိုပဲ ပြောပြော အဆိုပါလူစိမ်းတွေနဲ့ လိုက်မသွားသင့်ကြောင်း၊ သူတို့ကားပေါ်မတက်သင့်ကြောင်း သင်ကြားပါ။

၎ - လမ်းပျောက်တဲ့အခါ

လမ်းပျောက်သွားတဲ့အခါမျိုးမှာ ဆိုင်တစ်ဆိုင်ထဲ ဝင်မေးဖို့ သင်ထားပါ။ ဆိုင်မတွေ့ရင် ကလေးရှိတဲ့ အမျိုးသမီးတွေကို မေးဖို့ ပြောထားပါ။

play

 

၅ - အော်တတ်ဖို့

အော်တတ်ဖို့ သင်ထားပါ။ အန္တရာယ် ရှိတယ်လို့ ခံစားရရင် ခင်ဗျားဘယ်သူလဲ! မသိဘဲနဲ ဘာလို့စကားလာပြောနေတာလဲ! စတဲ့စကားတွေ အော်ပြောတတ်အောင် သင်ပေးပါ။ ဒီလို အော်ပြောခြင်းဟာ ပတ်ဝန်းကျင်က လူတွေကို အန္တရာယ်ရှိနေကြောင်း နှိုးဆော်လိုက်တာ ဖြစ်ပါတယ်။

play

 

၆ - အိမ်လိပ်စာနဲ့ ဖုန်းနံပါတ်

အရွယ်ရောက်ပြီဆိုတာနဲ့ အိမ်လိပ်စာကို အလွတ်ရအောင် သင်ပေးထားပါ။ ဖုန်းနံပါတ် အနည်းဆုံး နှစ်ခုလောက် သင်ပေးထားပါ။

Photos & Source: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ