Lifestyle: အောင်မြင်တဲ့ လူတွေက အင်္ကျီတစ်မျိုးတည်းကိုပဲ နေ့စဉ်ဘာလို့ ဝတ်နေတာလဲ

, updated

ထင်ရှားသူတွေကတော့ စတိဗ်ဂျော့ဘ်၊ မက်ဇူကာဘတ်၊ အိုဘားမားနဲ့ ဒါရိုက်တာကြီး ခရစ္စတိုဖာနိုလန်တို့ဖြစ်ပါတယ်။

play

 

အဝတ်အစားတစ်မျိုးပဲ ဝတ်သူတွေထဲမှာ ထင်ရှားသူတွေကတော့ စတိဗ်ဂျော့ဘ်၊ မက်ဇူကာဘတ်၊ အိုဘားမားနဲ့ ဒါရိုက်တာကြီး ခရစ္စတိုဖာနိုလန်တို့ဖြစ်ပါတယ်။

၁ - အချိန်ပိုရတယ်

အင်္ကျီအဝတ်အစား ရွေးချယ်ဖို့နဲ့ပတ်သက်ပြီး အချိန်ကုန်နေစရာ မလိုတော့ပါဘူး။ ဒီက ပိုလာတဲ့အချိန်တွေကို အခြားနေရာမှာ အသုံးချလို့ရပါတယ်။

play

 

၂ - တီထွင်စွမ်းရည်

ဘယ်အင်္ကျီကို ဘယ်ဘောင်းဘီနဲ့တွဲဝတ်မယ်၊ ဘယ်ကာလာနဲ့ ဘယ်ကာလာတွဲမယ် စသဖြင့် စဉ်းစားနေရတာတွေ မရှိတော့ပါဘူး။ ကိုယ့်ရဲ့ ဖန်တီးစွမ်းရည်၊ တီထွင်စွမ်းရည်တွေကို အနားပေးထားပြီး အခြားနေရာမှာ ထိထိရောက်ရောက် သုံးနိုင်ပါတယ်။

၃ - ဆုံးဖြတ်ချက်

နေ့စဉ်ဆုံးဖြတ်ချက်ပေါင်းများစွာချနေရတာ ဖြစ်ပါတယ်။ ဒီလို ဆုံးဖြတ်ချက်တွေ ချဖို့လည်း စိတ်ကိုနှစ်ထားရပါတယ်။ အင်္ကျီတစ်ထည်ဝတ်ဖို့ ကိစ္စလောက်ကို ဆုံးဖြတ်ချက်တွေ ချမနေချင်ပါဘူး။ အိုဘားမားပြောထားတာက ရှင်းပါတယ်။

"မီးခိုးရောင်နဲ့ အပြာရောင် ဝတ်စုံကိုပဲ ဝတ်နေတာ ခင်ဗျားမြင်ရလိမ့်မယ်။ ကျွန်တော်ဘာဝတ်မယ်၊ ဘာစားမယ်ဆိုတာကို ဆုံးဖြတ်မနေချင်ဘူး။ ကျွန်တော့်မှာ တခြားလုပ်စရာ ဆုံးဖြတ်ချက်တွေက အများကြီးရှိတယ်"

play

 

၎ - ထိန်းသိမ်းမှု

အဝတ်ဗီရိုကို ဆွဲဖွင့်လိုက်လို့ အရောင်အသွေးတွေ များပြားရှုပ်ထွေးနေတာဟာ စိတ်ကို တည်ငြိမ်မှုမရစေပါဘူး။ ဘာမှ မဟုတ်တဲ့ကိစ္စတွေမှာ လွယ်လွယ်ကူကူ ရှင်းရှင်းလင်းလင်းပဲ အမြန်ဆုံး ဖြစ်သွားစေချင်ပါတယ်။

၅ - ပြောင်းလဲမှု

သင်အသက် ၂၀ လောက်က ဝတ်ခဲ့တဲ့ပုံစံနဲ့ ၃၀ လောက်အရောက်မှာ ဝတ်တဲ့ပုံစံ မတူတော့ပါဘူး။ ၃၀ ကပုံစံနဲ့ ၄၀ ကပုံစံလည်း မတူတော့ပါဘူး။ အမြဲ  ပြောင်းလဲနေရတာပါ။ ဒီလို ပြောင်းလဲစရာလည်း မလိုတော့ပါဘူး။

play

 

၆ - ကုန်ကျစရိတ်

သင့်အတွက်နဲ့ ကမ္ဘာကြီးအတွက်ပါ ကုန်ကျစရိတ်နဲ့ သုံးစွဲမှု လျော့ကျသွားစေပါတယ်။

Photos & Source: Lifehack

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ