Lifestyle: ၁၂ နှစ်အရွယ်မှာ ရောင်းစားခံခဲ့ရတဲ့ မိန်းကလေးရဲ့ ၁၀ နှစ်ကြာခဲ့တဲ့ ကြမ္မာဆိုးများ

, updated

လိင်ကျေးကျွန်အဖြစ် အဆင့်ဆင့်ရောင်းစားခံခဲ့ရပါတယ်။

play

 

အိန္ဒိယရဲ့ လူမှောင်ခိုလောကမှာ ရောင်းစားခံခဲ့ရတဲ့ အသက် ၂၂ နှစ်အရွယ် အမျိုးသမီးလေးဟာ နာမည်ဖော်ပြခွင့်မပြုပေမဲ့ သူမရဲ့ တုန်လှုပ်ခြောက်ခြားဖွယ်အတွေ့အကြုံကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

"ကျွန်မရဲ့ ငယ်ဘဝကို ဆုံးရှုံးခဲ့ရတယ်။ အသက် ၁၂ နှစ်က ကျွန်မရဲ့အိမ်အပြင်ဘက်မှာ ဖမ်းခေါ်သွားခံရတယ်။ အိမ်ပြန်ရောက်တာ အရမ်းဝမ်းသာတယ်။ ဒါပေမဲ့ ကျွန်မဆုံးရှုံးလိုက်ရတဲ့ဘဝအတွက် ဝမ်းနည်းနေတုန်းပဲ" လို့ သူမက ဆိုပါတယ်။

၂၀၀၆ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့က ဒေလီမြို့မှာရှိတဲ့ သူမရဲ့ အိမ်အပြင်ဘက်မှာ ကစားနေတုန်း အမျိုးသမီးတစ်ဦးက သူမကို လာစကားပြောခဲ့တာ ဖြစ်ပါတယ်။

"ကျွန်မရဲ့အစ်မအိမ်ကို သွားနေတုန်း ကားဖြူတစ်စီးထဲက မိန်းမတစ်ယောက် ထွက်လာပြီး ကျွန်မကို လာစကားပြောတယ်။ ကျွန်မဘာမှ မလုပ်နိုင်ခင်မှာပဲ ကားထဲက အမျိုးသားတစ်ယောက်ထွက်လာပြီး ကျွန်မမျက်နှာကို အဝတ်တစ်ခုနဲ့ အုပ်လိုက်တယ်။ ကျွန်မ သတိမေ့သွားတယ်" လို့ သူမက ဆိုပါတယ်။

play

မိန်းကလေးဟာ သူမကို လယ်သမားတစ်ယောက်ဆီ ဒေါ်လာ ၄၀၀ ခန့်နဲ့ ရောင်းချခဲ့တာကိုလည်း မှတ်မိနေခဲ့ပါတယ်။

အသက် ၁၂ နှစ်အရွယ် မိန်းမငယ်လေးဟာ နေ့ဘက်မှာ လယ်ကွင်းထဲ အလုပ်လုပ်ရပြီး ညဘက်မှာတော့ ယောက်ျားများစွာရဲ့ အဓမ္မကျင့်တာကို ခံခဲ့ရတယ်လို့ ဆိုပါတယ်။

တစ်နှစ်အကြာမှာ တခြားအမျိုးသားတစ်ဦးဆီ တစ်ဆင့်ပြန်ရောင်းချခံရတဲ့သူမဟာ အဲဒီလိုနဲ့ပဲ ၉ ကြိမ်တိတိရောင်းစားခံ၊ ညတိုင်း အဓမ္မကျင့်ခံခဲ့ရပါတယ်။

အသက် ၁၅ နှစ်အရွယ်ရောက်ခဲ့တဲ့ ၂၀၀၉ ခုနှစ်မှာတော့ အသက် ၅၀ အရွယ် ကုန်တင်ကားသမားတစ်ဦးနဲ့ လက်ထပ်ခဲ့ရပါတယ်။

ပန်ဂျက်မြို့က ရွာလေးတစ်ရွာနေထိုင်တဲ့ အဲဒီလူဟာ အရက်သမား၊ ဆေးသမားတစ်ဦး ဖြစ်ပြီး ထိုလူနဲ့ ကလေးနှစ်ယောက် ရခဲ့ကာ ၂၀၁၁ မှာ ခင်ပွန်းဖြစ်သူ သေသွားပါတယ်။

play

ကံဆိုးလှတဲ့ မိန်းကလေးဟာ ခင်ပွန်းရဲ့ဆွေမျိုးတွေ နှိပ်စက်တာကို ခံရတဲ့အပြင် ခင်ပွန်းရဲ့ညီက အဓမ္မကျင့်တာကိုလည်း ခံခဲ့ရပြန်ပါတယ်။

နောက်ဆုံးမှာတော့ ယောက်မဖြစ်သူက ကလေးတွေကို ခေါ်ထားပြီး သူမကို ကန်ထုတ်ခဲ့ကာ လမ်းပျောက်နေတဲ့ သူမကို အမျိုးသားတစ်ဦးက အလုပ်ပေးမယ်ပြောပြီး ကလပ်တစ်ခုကို တဖန်ရောင်းစားခဲ့ပြန်ပါတယ်။

အဲဒီနောက် မိန်းကလေးတစ်ဦးနဲ့ ဆုံတွေ့ပြီး အကူအညီတောင်းခဲ့ရမှာ အနောက်ဘန်ဂဲလ်ကနေ ဒေလီအထိ ရထားစီးကာ ၂၀၁၆ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့မှာ အစ်မဖြစ်သူရဲ့အိမ်ကို ရှာတွေ့ခဲ့ပြီး အိမ်ပြန်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

Source & Photos : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ