Lifestyle: အမြဲစာစောင့်ယူတတ်တဲ့ ခွေးလေးအတွက် စာတစ်စောင်ဖန်တီးပေးတဲ့ စာပို့သမား

အိမ်ရှင်တွေအတွက် စာကို နေ့စဉ်စောင့်ယူတတ်တဲ့ ခွေးလေးပါ။

play

 

သြစတြေးလျနိုင်ငံ၊ ဘရစ်ဘိန်းမြို့မှာ ပစ်ပါဆိုတဲ့ခွေးလေးဟာ သူ့မိသားစုရဲ့ စာတွေကို နေ့စဉ်ယူပေးချင်သူဖြစ်ပါတယ်။

ခွေးမလေးဟာ မနက်တိုင်း စာယူဖို့အတွက် စာပို့သမား မာတင်ထရူဒါကို စောင့်နေတတ်ပါတယ်။

play

 

စာပို့သမား မာတင်ဟာ ခွေးချစ်သူဖြစ်တဲ့အပြင် ကမ္ဘာပေါ်မှာ အကောင်းဆုံး စာပို့သမားလို့တောင်ဆိုနိုင်ပါတယ်။

ဘာလို့လဲဆိုတော့ သူက ပစ်ပါအတွက် ဘာစာမှ ပေးစရာမရှိရင် ခွေးလေးစိတ်မပျက်စေဖို့ တစ်ခုခု ဖန်တီးတတ်တဲ့သူမို့လို့ပါ။

play

 

"တစ်ခါတလေမှာ ပစ်ပါက စာယူဖို့စောင့်နေပေမဲ့ ဘာစာမှပါမလာတော့ ကျွန်တော့်မှာ တစ်ခုခုဖန်တီးပေးရတယ်" လို့ မာတင်က ဖေ့စ်ဘွတ်ခ်မှာ ရေးသားခဲ့ပါတယ်။

play

 

အခုတော့ မာတင်ရဲ့ ညွှန်းဆိုပြောပြချက်ကြောင့် ပစ်ပါဟာ အင်တာနက်မှာ နာမည်ကြီးသွားပါပြီ။

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ