Lifestyle: အရွက်သုပ်စားခြင်းက အမျိုးသားတွေရဲ့ ကိုယ်နံ့ကို ပိုကောင်းစေ

အမျိုးသား ၄၃ ယောက်ဆီက ယူထားတဲ့ ချွေးနံ့တွေကို အမျိုးသမီးတွေကို အကဲဖြတ်ခိုင်းတာ ဖြစ်ပါတယ်။

play

 

အရွက်သုပ်စားခြင်းက အမျိုးသားတွေရဲ့ ကိုယ်နံ့ကို ပိုမိုကောင်းစေတယ်လို့ သိရပါတယ်။ Daily Mail က ဖော်ပြခဲ့တဲ့ သုတေသနတစ်ခုရဲ့ အဆိုအရ အရွက်သုပ်နဲ့ အသီးများများစားတဲ့အခါ အမျိုးသားတွေရဲ့ အနံ့ဟာ အမျိုးသမီးတွေကို ပိုမိုဆွဲဆောင်နိုင်တယ်လို့ ဆိုပါတယ်။

play

 

 သြစတြေးလျနိုင်ငံ Macquarie တက္ကသိုလ်က သုတေသနအဖွဲ့တစ်ဖွဲ့က လေ့လာခဲ့တာ ဖြစ်ပြီး ယောက်ျားတစ်ဦးရဲ့ ခန္ဓာကိုယ်အနံ့ဟာ သူတို့ရဲ့ကျန်းမာရေးနဲ့ပတ်သက်တဲ့ အချက်အလက်ကို အမျိုးသမီးတွေနဲ့ ဆက်သွယ်ရာမှာ အထောက်အကူဖြစ်တယ်လို့ ဦးဆောင်လေ့လာခဲ့သူ စိတ်ပညာရှင်ဒေါက်တာ အီရန်စတီဖင်က ပြောထားပါတယ်။ carotenoids ကြွယ်ဝတဲ့ မုန်လာဥလို အစားအသောက်တွေကို အမြောက်အများစားခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ အသားအရေ အဝါရောင်သန်းခြင်းမျိုးဟာလည်း အမျိုးသမီးတွေကို ပိုဆွဲဆောင်နိုင်တယ်လို့ ဆိုပါတယ်။

 သုတေသနဟာ အမျိုးသား ၄၃ ယောက်ဆီက ယူထားတဲ့ ချွေးနံ့တွေကို အမျိုးသမီး ၉ ယောက်အား အကဲဖြတ်ခိုင်းခဲ့တာ ဖြစ်ပါတယ်။

Photos & Source: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ