Lifestyle: ကျောင်းမှာ အနိုင်ကျင့်ခံခဲ့ရတဲ့ နာမည်ကြီး (၅) ယောက်

ဒါပေမဲ့ သူမရဲ့ ပုံပန်းမကျမှုတွေကို ကျော်ဖြတ်ကာ မော်ဒယ်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။

play

 

၁ - ခရစ်ရှန်ဘေး

ခရစ်ရှန်ဘေးဟာ တော်တော်ငယ်ငယ်ကတည်းက သရုပ်ဆောင်တာကို ဝါသနာပါတာပါ။ ကိုးနှစ်သားမှာကတည်းက ငွေကြေးရယူ သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ထူးချွန်တဲ့ ဝါသနာကြောင့်ပဲ အနိုင်ကျင့်ခံခဲ့ရပါတယ်။ သူ့အတန်းဖော်တွေက သူ့ကို ထိုးကြိတ်ရိုက်နှက်တာတွေတောင် ရှိခဲ့ပါတယ်။

၂ - ဂျက်စီကာ အယ်ဘာ

play

 

ဂျက်စီကာ အယ်ဘာဟာ အထက်တန်းကျောင်းမှာ အနိုင်ကျင့်ခံခဲ့ရပါတယ်။ သူမရဲ့ တက္ကဆပ်နယ်ဘက်ကလာတဲ့လေသံနဲ့ စကားပြောတာ၊ သွားမလှတာတွေကြောင့် ဖြစ်ပါတယ်။ ပုံစံကလည်း ကို့ယို့ကားယားနိုင်တဲ့ သူမကို လှောင်ပြောင် အနိုင်ကျင်ခဲ့ကြပါတယ်။ ဒါပေမဲ့ သူမရဲ့ ပုံပန်းမကျမှုတွေကို ကျော်ဖြတ်ကာ မော်ဒယ်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ကမ္ဘာ့အချောဆုံးအမျိုးသမီးနံပါတ် ၆ နေရာကို ရောက်လာခဲ့ပါတယ်။

၃ - တေလာဆွစ်ဇ်

play

 

တေလာဆွစ်ဇ်ကတော့ အထက်တန်းကျောင်းတုန်းက အနိုင်ကျင့်ခံရမှုတွေဟာ သီချင်းရေးဖို့ လှုံ့ဆော်မှုတွေဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

၎ - စတီဗင်စပီးဘာ့ခ်ျ

play

 

ကျောင်းမှာ လူတွေနဲ့ မရော၊ ပါတီပွဲတွေမတက်တာကြောင့် သူ့ကို ခပ်ကြောင်ကြောင်အဖြစ်သတ်မှတ်ကာ အနိုင်ကျင့်ခဲ့ကြပါတယ်။

၅ - လေဒီဂါဂါ

play

 

ကျောင်းမှာကတည်းက ထူးခြားတဲ့အဝတ်အစားတွေကို သူက ဝတ်တာဖြစ်ပါတယ်။ ကျောင်းမှာ လူတွေက မခံနိုင်လောက်အောင် ပြောင်လှောင်တာတွေ လုပ်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီလိုပြောင်လှောင်အနိုင်ကျင့်တာတွေ ဂရုမစိုက်ဘဲ ဒီနေ့လို အခြေအနေကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

Photos & Source: Lifehack

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ