Lifestyle: မူးနေတဲ့သူကို လုံးဝမလုပ်သင့်တဲ့အရာ (၆) ခု

, updated

မူးနေတဲ့သူတစ်ယောက်ကို မလုပ်သင့်တဲ့၊ မလုပ်ခိုင်းသင့်တဲ့အရာတွေလည်း ရှိပါတယ်။

play

 

အရက်သောက်ပြီး မူးနေတဲ့ သူငယ်ချင်းကိုဖြစ်ဖြစ်၊ အသိမိတ်ဆွေကိုပဲဖြစ်ဖြစ် စနောက်ချင်တာ လူတွေရဲ့ထုံးစံပါ။ ဒါပေမဲ့ မူးနေတဲ့သူတစ်ယောက်ကို မလုပ်သင့်တဲ့၊ မလုပ်ခိုင်းသင့်တဲ့အရာတွေလည်း ရှိပါတယ်။

၁။ သတ္တိစမ်းတာ

play

 

အဖြစ်တတ်ဆုံးအချက်ပါ။ သူငယ်ချင်း မိတ်ဆွေအပေါင်းအသင်းတွေနဲ့သောက်နေရင်း ကောင်းနေတဲ့သူငယ်ချင်းကို မင်းသတ္တိရှိရင် ဘာလုပ်လိုက်၊ ညာလုပ်လိုက်နဲ့ မြှောက်ပင့်စနောက်တာမျိုးပါ။ အပျော်သဘောစနောက်ပြီး သတ္တိစမ်းတာဆိုပေမဲ့ တကယ်တမ်း မူးနေတဲ့သူတစ်ယောက်က သေသေချာချာစဉ်းစားနိုင်စွမ်းမရှိတော့ ဘာတွေဘယ်လို လုပ်မလဲ တပ်အပ်မပြောနိုင်ပါဘူး။ အရက်သောက်သူတွေကြားထဲမှာဖြစ်ရတဲ့ ပြဿနာအများစုဟာလည်း ဒီအချက်ကနေစတာပါပဲ။

၂။ ပိုက်ဆံချေးပေးတာ၊ ပိုက်ဆံချေးယူတာ

play

 

မူးနေပါတယ်ဆိုမှ ငွေကြေးအရှုပ်အရှင်းတွေဖြစ်လာနိုင်တာ၊ ငြင်းရခုံရမိတ်ပျက်ရမယ့်အရာတွေ ဖြစ်လာနိုင်တာမျိုး မလုပ်ပါနဲ့။

၃။ ရည်းစားနဲ့ရန်တိုက်ပေးတာ

play

 

မူးနေတဲ့သူကို သူ့ရည်းစားနဲ့ပြဿနာဖြစ်အောင် စတာနောက်တာမျိုးတွေကို ပြောတာပါ။ သူ့ရည်းစားက နောက်တစ်ယောက်နဲ့တွဲနေပြီဆိုတာမျိုး၊ သူ့ရည်းစားနဲ့သူနဲ့မလိုက်ဖက်ဘူးဆိုတာမျိုးတွေ ပြောရင်းစရင်း ဟိုက မူးမူးနဲ့ သူချစ်ရတဲ့ရည်းစားကို ပြဿနာသွားရှာတာမျိုးတွေ ဖြစ်စေတတ်ပါတယ်။

၎။ အိမ်ပြန်မပို့တာ

play

 

ဒါလည်းဖြစ်တတ်ပါတယ်။ သူငယ်ချင်းတွေအားလုံး သွားသောက်ကြတဲ့အချိန် တစ်ယောက်က မူးလည်းမူးနေပြီ၊ အိမ်ကိုလည်း ပြန်ကိုပြန်မှဖြစ်မယ်ဆိုတာကို ပေးမပြန်ဘဲ အတင်းဆွဲထားပြီး အချိန်ပိုယူတာမျိုးပါ။ ကိုယ်တွေနဲ့အတူပျော်ဖို့ ဟိုဘက်က အိမ်နဲ့မိသားစုနဲ့ ပြဿနာဖြစ်ရမယ်ဆိုတာမျိုးက မဖြစ်သင့်ပါဘူး။

၅။ ရန်ရှာတာ

play

 

ရန်ဖြစ်ချင်ရင် မမူးခင်ကတည်းက ပြောဆိုဖြေရှင်းပြီး ဖြစ်ထားပါ။ မူးတဲ့အချိန်က အမှားအများဆုံးလုပ်မိတတ်တဲ့အချိန်မို့လို့ အဲဒီအချိန်မှာ ရန်ဖြစ်အောင် ရန်ရှာတာမျိုး လုံးဝမလုပ်ပါနဲ့။

၆။ ရည်းစားစကားပြောတာ

play

ကိုယ်သဘောကျနေတဲ့ကောင်မလေးကိုဖြစ်ဖြစ်၊ ကောင်လေးကိုဖြစ်ဖြစ် သူမူးနေတော့မှ ရည်းစားစကားပြောတာ သဲထဲရေသွန်တာထက် ပိုအဓိပ္ပာယ်မရှိတဲ့လုပ်ရပ်မျိုးပါ။ ပိုဆိုးတာက သူကလက်ခံလိုက်ရင်တောင် မူးနေတုန်းဖြစ်ခဲ့တဲ့ အဖြစ်အပျက်ဆိုတာ ဘယ်တော့မှအတည်ယူလို့မရပါဘူး။

Source : cosmopolitan

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ