Lifestyle: ကလေးဖက်ရှင်မော်ဒယ်ဖြစ်နေတဲ့ အော်ရန်ဂူတန်မျောက်လေး

ဉာဏ်ရည်ဉာဏ်သွေးမြင့် တိရစ္ဆာန်တွေလည်းဖြစ်ပါတယ်။

play

 

တရုတ်နိုင်ငံ၊ ကူမင်းမြို့က ကလေးအသုံးအဆောင်ပစ္စည်းဆိုင်တစ်ခုမှာ ကလေးအဝတ်အထည်တွေကို ဝတ်ဆင်ပြသနေရတဲ့ အော်ရန်ဂူတန်မျောက်လေးတစ်ကောင်ရှိပါတယ်။ ဆိုင်ရှင်က သုံးနှစ်သားမျောက်လေးကို အားမော်လို့နာမည်ပေးထားပြီး သူကျင်လည်ရာ ကုန်တိုက်ထဲမှာတော့ နာမည်ကြီးပါပဲ။ အားမော်ဟာ ကလေးအဝတ်အစားတွေကို မော်ဒယ်တစ်ဦးလိုပဲ ဝတ်ဆင်ထားရပါတယ်။

play

သူ့ကိုစိတ်ဝင်တစားနဲ့ လာကြည့်သူတွေ၊ ဓာတ်ပုံရိုက်သူတွေနဲ့ ဆိုင်မှာစည်ကားနေပြီး အရောင်းအဝယ်လည်းဖြစ်နေပါတယ်။ အဝတ်အစားတွေ၊ လူတွေနဲ့ယဉ်ပါးအောင်လည်း လေ့ကျင့်ခံထားရတာပါ။

play

 

အော်ရန်ဂူတန်တွေဟာ မျိုးသုန်းနိုင်ခြေရှိတဲ့အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ ဉာဏ်ရည်ဉာဏ်သွေးမြင့် တိရစ္ဆာန်တွေလည်းဖြစ်ပါတယ်။ အရှေ့တောင်အာရှ ဘော်နီယိုကျွန်းမှာ ကျင်လည်တဲ့အော်ရန်ဂူတန်လေးဟာ ခုတော့ လူတွေရဲ့အသုံးချခံတစ်ခုလိုဖြစ်နေရတာဟာ စိတ်မကောင်းစရာပါပဲ။

Source : People Daily China

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ