Lifestyle: ဘဝလမ်းကြောင်းမှန်ကို ရှာဖို့ ကိုယ့်ကိုကိုယ်မေးရမယ့် မေးခွန်း (၅) ခု

အရင်ဆုံး ကိုယ့်စိတ်ကိုယ် သေချာသိဖို့လိုအပ်ပါတယ်။

play

 

ဒီမေးခွန်းတွေဟာ ကိုယ့်ဘဝလမ်းကြောင်းမှန်ကို ရှာတွေ့ဖို့ အရေးကြီးသလို အဖြေကို ရတာနဲ့ ပျော်ရွှင်မှုအစစ်အမှန်ကိုလည်း ရရှိမှာ ဖြစ်ပါတယ်။

၁။ ဘဝလမ်းကြောင်းမှန်ကို ဘာလို့ ရှာချင်တာလဲ

ဒါကတော့ ရှင်းပါတယ်။ ဘဝမှာ ပြောင်းလဲမှုတွေ လိုချင်လို့ပါ။ သင်ဘာကြောင့် ဒါကို လိုချင်တာလဲဆိုတာကို ကိုယ့်ကိုကိုယ် ရိုးသားစွာ ဝန်ခံမှသာ သင့်ရဲ့ပန်းတိုင်ကို ရောက်ရှိမှာပါ။ အကြောင်းပြချက်တွေက သင့်အတွက် အရေးကြီးဖို့လိုပါတယ်။ တခြားသူရဲ့ ဆန္ဒတွေ မဖြစ်ပါစေနဲ့။

၂။ ဘယ်လိုအရာတွေကြောင့် ကိုယ်လုပ်ချင်တာ လုပ်ခွင့်မရခဲ့သလဲ

ကလေးဘဝတုန်းက သင်စိတ်ဝင်စားတဲ့အရာတစ်ခုကို လုပ်နေတုန်း မိဘတွေက အတင်းရပ်ခိုင်းတာကြုံဖူးမှာပေါ့။ ကျောင်းစာတွေနဲ့ ပိနေခဲ့တုန်းကလည်း သင်စိတ်ဝင်စားစရာတွေကို ဘေးဖယ်ထားရတယ်။ မိဘရဲ့လွှမ်းမိုးမှုနဲ့ ကျောင်းစာတွေကနေ ကင်းလွတ်သွားပြီဖြစ်တဲ့ ဒီလိုအချိန်က သင်လုပ်ချင်ရာလုပ်ဖို့ အကောင်းဆုံးအချိန်ပါပဲ။ ဒါ့အပြင် အင်တာနက်ကလည်း သင်သိချင်တာတွေကို အများကြီးပြောပြပေးနိုင်ပါသေးတယ်။

play

 

၃။ ဒါဟာ ကိုယ့်ရွေးချယ်မှုစစ်စစ်လား

သူများလုပ်လို့ လိုက်လုပ်တာ မဟုတ်ဖို့ လိုပါတယ်။ သင်စိတ်မဝင်စားတဲ့အရာတစ်ခုကို ခေတ်စားနေလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ လေ့လာမယ်ဆိုရင် မကြာခင်မှာ သင်ငြီးငွေ့သွားမှာပါ။

၎။ ကိုယ့်အတွက် ဘာက အရေးပါသလဲ

သင့်အတွက် အရေးပါတဲ့အရာတွေကို ချရေးကြည့်ပါ။ တစ်ခါတည်းထိုင်ပြီး ရေးစရာမလိုပါဘူး။ အချိန်ယူစဉ်းစားပါ။ လွယ်ကူတာတွေကစပါ။ ဥပမာ- လေ့ကျင့်ခန်း ပှုံန်လုပ်မယ်၊ သူငယ်ချင်းမိသားစုတွေကို အချိန်ပေးမယ်၊ တူရိယာတစ်ခုခုကို တီးခတ်တတ်အောင် သင်ယူမယ် စသဖြင့်ပေါ။ အဲဒီလို စဉ်းစားရင်း သင့်ကို ပျော်ရွှင်မှု အစစ်အမှန်ပေးနိုင်တဲ့အရာကို သင်တွေ့ရှိလာပါလိမ့်မယ်။

play

 

၅။ ကိုယ့်ကိုကိုယ် ဝေဖန်သုံးသပ်နိုင်သူလား

သင်ဟာ အပြုသဘောဆောင်တဲ့ ဝေဖန်မှုတွေကို တန်ဖိုးထားသူလား၊ အမြဲပဲ ရိုးသားလား။ ဒီမေးခွန်းတွေရဲ့ အဖြေဟာ နိုးဆိုရင်တော့ သင့်ကိုယ်သင် ဝေဖန်သုံးသပ်နိုင်စွမ်းကို တည်ဆောက်ဖို့ လိုပါပြီ။

သင့်ရဲ့အားနည်းချက်၊ အားသာချက်တွေကိုသာ သိမှသာ သင်လိုချင်တဲ့အရာတွေကို ရအောင်ယူနိုင်မှာပါ။

Source & Photos : Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ