Lifestyle: မပေးသင့်တဲ့ ဆင်ခြေ (၄) ခု

လူတွေက သင့်ကို အပြောသမားသာဖြစ်ပြီး တကယ်မဟုတ်တဲ့လူလို့ သတ်မှတ်သွားပါလိမ့်မယ်။

play

 

၁ - အချိန်မရှိဘူး

တစ်စုံတစ်ခုကို လုပ်ချင်ပေမဲ့ အချိန်မရှိဘူးလို့ အမြဲဆင်ခြေပေးနေတယ်ဆိုရင် ဒီအလုပ်ကို သင်တကယ်လုပ်ချင်တယ်ဆိုတာ သံသယရှိစရာပါ။ လွန်ခဲ့တဲ့ သုံးနှစ်တုန်းကလည်း အချိန်မရှိဘူးလို့ ဆင်ခြေပေးခဲ့တယ်၊ လွန်ခဲ့တဲ့ တစ်နှစ်ကလည်း အချိန်မရှိဘူးလို့ ဆင်ခြေပေးခဲ့တယ်၊ အခုလည်း ဒီလိုပဲ ဆင်ခြေပေးနေတယ်ဆိုရင် သင် ဒါကို တကယ်လုပ်ချင်တယ်ဆိုတာ မသေချာပါဘူး။

play

 

၂ - ဘယ်လိုထင်မလဲ

သင့်လုပ်ဖော်ကိုင်ဖက်တွေက တစ်မျိုးထင်သွားမယ်၊ သင့်သူငယ်ချင်းတွေက တစ်မျိုးထင်သွားမယ်၊ ဒီလို အတွေးမျိုးတွေနဲ့ သင်လုပ်ချင်တာကို ရှောင်လွှဲနေလို့ရပါတယ်။ ဒါပေမဲ့ သင့်ဘေးနားက လူတွေထက် ဘာမှထူးမလာဘဲ သူတို့ထဲက သူတို့တစ်ယောက်ပဲ ဖြစ်လာပါမယ်။

၃ - မဖြစ်သေးဘူးထင်တယ်

တစ်စုံတစ်ခုကို လုပ်ဖို့ အသင့်မဖြစ်သေးဘူးလို့ ခံစားရတာပါ။ ပညာမစုံသေးတာ၊ အဆက်အသွယ်မရသေးတာ စတဲ့အချက်တွေကြောင့်ဆိုရင် ဒီလိုဆင်ခြေပေးသင့်ပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ အသင့်မဖြစ်သေးဘူးဆိုတာ ဆင်ခြေသက်သက်သာ ဖြစ်ပါတယ်။ အရေးကြီးဆုံးက စလုပ်ကြည့်ဖို့လိုပါတယ်။

play

 

၎ - လိမ်တယ်

ကိုယ့်ကိုယ်ကိုယ် လိမ်နေတာပါ။ ဘာကြောင့် ၊ ဘယ်လိုကြောင့် လုပ်လို့ မရသေးဘူးဆိုပြီး ဆင်ခြေတွေပေးကာ လိမ်နေတာပါ။ ဒီလိုဆိုရင်တော့ လူတွေက သင့်ကို အပြောသမားသာဖြစ်ပြီး တကယ်မဟုတ်တဲ့လူလို့ သတ်မှတ်သွားပါလိမ့်မယ်။

Photos & Source: Lifehack

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ