Lifestyle: အသက်ကြီးတဲ့ မိဘတွေနဲ့ အတူနေသူများ ကျန်းမာရေးပိုကောင်း

အသက်ရှည်တဲ့ မိဘတွေနဲ့ အတူနေခြင်းက နှလုံးရောဂါဖြစ်မှု လျော့နည်းစေပါတယ်။

play


သက်ကြီးရွယ်အို မိဘတွေနဲ့အတူနေထိုင်တဲ့ အရွယ်ရောက်ပြီးသူတွေဟာ သက်လတ်ပိုင်းအရွယ်ရောက်ချိန်မှာ ခန္ဓာကိုယ် သွေးလည်ပတ်မှုဆိုင်ရာ ကျန်းမာရေးပြဿနာ ဖြစ်နိုင်ခြေ လျော့နည်းပြီး ကျန်းမာရေးပိုကောင်းကြကြောင်း ဗြိတိန်နိုင်ငံမှ သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။

play


အသက်အရွယ်ကြီးတဲ့ မိဘတွေနဲ့ အတူနေသူတွေဟာ နှလုံးသွေးကြောပိတ်မှု ဖြစ်နိုင်ခြေ လျော့နည်းပြီး ၎င်းတို့ဟာ ပိုမို အသက်ရှည်နိုင်ကြောင်းလည်း ယခင်ကတည်းက တွေ့ရှိထားခဲ့တာ ဖြစ်ပါတယ်။

play


အသက်ရှည်တဲ့ မိဘတွေနဲ့ အတူနေခြင်းက နှလုံးရောဂါဖြစ်မှု လျော့နည်းစေကြောင်း သုတေသီတွေက American College of Cardiology ဂျာနယ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

play


သက်ကြီးရွယ်အို မိဘတွေနဲ့ အတူနေခြင်းက နှလုံးကြွက်သားပြဿနာနဲ့ လက်မောင်းနဲ့ ခြေထာက်ရှိ သွေးကြောများ ရောဂါဖြစ်ပွားမှုကိုလည်း လျော့ကျစေကြောင်း သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။

play


သုတေသီတွေက မိဘများ ကွယ်လွန်ခဲ့ပြီးဖြစ်တဲ့ သက်လတ်ပိုင်းအရွယ်ရှိသူ ၁၈၆,၀၀၀ ကျော်ကို လေ့လာခဲ့ကြပါတယ်။ သုတေသီတွေ လေ့လာခဲ့သူတွေက အသက် ၅၅ နှစ်နဲ့ ၇၃ နှစ်ကြားရှိသူတွေဖြစ်ပြီး ၎င်းတို့ကို အနည်ဆုံး ၈ နှစ်ကြာ စောင့်ကြည့်ခဲ့ကြတာ ဖြစ်ပါတယ်။
Source & Photo: DLML

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ