Lifestyle: အလုပ်တစ်ဖက်နဲ့ သင်တန်းတက်မယ်ဆိုရင် သိထားသင့်တဲ့ အချက် (၆) ချက်

အချိန်ရော၊ ငွေပါ ကိုယ့်အတွက် အရေးကြီးတာကြောင့် ကျောင်းကောင်းကောင်းကို ရှာပါ။

play

 

၁ - အကြောင်းအရင်း

လက်ရှိအသက်မွေးဝမ်းကြောင်းအလုပ်နဲ့ပတ်သက်ပြီး သင့်ရဲ့စွမ်းရည်တွေ တိုးတက်စေမယ့် သင်တန်းကို တက်မှာလား၊ ဒါမှမဟုတ် အသက်မွေးဝမ်းကြောင်းအလုပ်ပြောင်းဖို့ တက်မှာလား၊ အချိန်တွေအားလို့ ဝါသနာပါရာ တစ်ခုကို တက်မှာလား၊ စသဖြင့် အကြောင်းအရင်းကို တိတိကျကျ စဉ်းစားပါ။

၂ - မတက်နဲ့

အချိန်တွေပိုနေရုံသက်သက်၊ သူငယ်ချင်းတွေ အဆွယ်ကောင်းလို့ သက်သက်နဲ့တော့ မတက်ပါနဲ့။ အလုပ်တစ်ဖက်နဲ့ တက်ရမှာ ဖြစ်တာကြောင့် သေချာစဉ်းစားပါ။ တက်ပြီးမှ သင်တန်းကထွက်လာရင် ငွေကြေးတွေနစ်နာပါတယ်။ တက်ပြီး မသုံးဘူးဆိုရင် အချိန်တွေ ပေးခဲ့ရတာကြောင့် ပိုပြီးနစ်နာပါတယ်။

play

 

၃ - ကျောင်း

အချိန်ရော၊ ငွေပါ ကိုယ့်အတွက် အရေးကြီးတာကြောင့် ကျောင်းကောင်းကောင်းကို ရှာပါ။ ကိုယ်တက်မယ့်နယ်ပယ်မှာ အတွေ့အကြုံရှိသူတွေကို မေးမြန်းပါ။ သင်တန်းကို ဖုန်းဆက်ရုံမက ဖြစ်နိုင်ရင် လူကိုယ်တိုင် သွားစုံစမ်းပါ။

၎ - တိုင်ပင်

သင်တန်းမှာ ကျွမ်းကျင်သူနဲ့ တိုက်ရိုက်တွေ့ရရင် ကောင်းပါတယ်။ ကိုယ့်အခြေအနေက ဘယ်လိုဖြစ်ပြီး ဘယ်လိုပုံစံ သင်ယူရင်ကောင်းမယ်ဆိုတာကို တိုင်ပင်နိုင်ပါတယ်။ ဘယ်အဆင့်က စသင်သင့်တယ်ဆိုတဲ့ အကြံဉာဏ်မျိုးတော့ ရပါမယ်။

၅ - ငွေကြေး

ငွေကြေးကိုလည်း ချိန်ညှိပါ။ သင့်အတွက် လက်ရှိ အသုံးဝင်ဆုံးနဲ့ မရှိမဖြစ်ဆိုတဲ့ သင်တန်းမျိုးကို တက်ပါ။ လက်ရှိမှာ အကောင်းဆုံးလို့ အားလုံးက လက်ခံထားတဲ့ သင်တန်းကို တက်သင့်ပါတယ်။ ငွေကို နှစ်ခါ ခွဲပေးလို့ရမလားဆိုတာကိုလည်း မေးမြန်းသင့်ပါတယ်။

play

 

၆ - အချိန်

အလုပ်တစ်ဖက်နဲ့ တက်မှာဖြစ်တာကြောင့် သင်တန်းချိန်နဲ့ အလုပ်ချိန်ကို ချိန်ညှိပါ။ သင့်ဘက်က အလုပ်ချိန်တိုင်း လုပ်တာမှန်ပေမဲ့ ယခင်ကလောက် စွမ်းဆောင်ရည်မရှိတော့ဘူးဆိုရင် အထက်လူကြီးက သင့်ရဲ့ သင်တန်းကို အကြောင်းရှာလာနိုင်ပါတယ်။

Photos & Source: wikiHow

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ